Accredited Employer Work Visa

For those who want to go to New Zealand with an Accredited Employer Work Visa (AEWV), here is the latest news.

New Zealand has an Accredited Employer Work Visa (AEWV) for people who want to work there. This visa must be applied for with an employer who has been certified by the New Zealand government. The latest news is that the New Zealand government has announced that it will be changing to a new form starting on September 29. The goal is to make the process easier for employers and immigration officers, and the new form will include clearer instructions and an automated verification system.

Employers are being urged to provide additional information, such as the size of their business, the number of New Zealand citizens they employ, and why they need to hire a foreign worker, before this new system goes into effect. Existing AEWV holders will find it easier to renew their visas.

This new system will begin on September 29. The link to apply for the Accredited Employer Work Visa will be provided in the comments. We wish you all the best.

နယူးဇီလန်မှာ Accredited Employer Work Visa လျှောက်လိုသူတွေအတွက် နောက်ဆုံးရသတင်း

နယူးဇီလန်မှာ အလုပ်ဗီဇာအတွက် Accredit Employer Work Visa ဆိုတဲ့ ဗီဇာတစ်မျိုး ရှိပါတယ်၊ အတိုကောက်အားဖြင့် AEWV လို့ခေါ်ပြီး သူတို့အစိုးရက အသိအမှတ်ပြု လက်မှတ်ရထားတဲ့ အလုပ်ရှင်ဆီမှာပဲ ဒီဗီဇာကို လျှောက်ထားရမှာပါ၊ နောက်ဆုံးရ သတင်းကတော့ စက်တင်ဘာ ၂၉ က စပြီး ပုံစံအသစ်ကို ပြောင်းမယ်လို့ နယူးဇီလန်အစိုးရက ထုတ်ပြန် ကြေညာလာပါတယ်၊ ရည်ရွယ်ချက်ကတော့ အလုပ်ရှင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ လုပ်ငန်းစဉ် လွယ်ကူလာဖို့ အတွက် ဖြစ်ပြီး ပိုရှင်းတဲ့ လမ်းညွှန်ချက်တွေ ပါဝင်လာပါတယ်၊ ပြီးတော့ အလိုအလျောက် စစ်ဆေးပေးတဲ့ စနစ်ကိုလဲ ထည့်သွင်းပေးထားပါတယ်။

အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းရဲ့ အရွယ်အစား၊ အလုပ်ခန့်ထားတဲ့ နယူးဇီလန်နိုင်ငံသား အရေအတွက်၊ ဘာကြောင့် နိုင်ငံခြားသား ဝန်ထမ်းကို ခန့်ဖို့လိုသလဲ စတာတွေကို ထပ်မံဖြည့်စွက်ပြီး ဒီအစီအစဉ်အသစ်မစတင်မီမှာ အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်၊ ဒီ သတင်းကြောင့် AEWV ကိုင်ထားတဲ့ လူဟောင်းတွေ အနေနဲ့ ဗီဇာ သက်တမ်းတိုးတာ ပိုလွယ်လာပါမယ်၊ ဒီစနစ်သစ်က စက်တင်ဘာ ၂၉ မှာ စတင်မှာ ဖြစ်ပြီး Accredited Employer Work Visa ကို လျှောက်ထား လို့ရမယ့် လင့်ခ်ကိုတော့ ကောမန့် မှာ ချပေးထားပါတယ်၊ အားလုံးအဆင်ပြေကြပါစေ။

September 11, 2025, 0900hrs


Ref: Internet

Photo: internet

#Aron

#newzealand

#aewv

#visaandtravelguide

https://www.immigration.govt.nz/visas/accredited-employer-work-visa/

https://www.envoyglobal.com/news-alert/new-zealand-redesigns-job-check-process-for-accredited-employer-work-visa/



Comments