Human Smuggling

International Human Smuggling Ring Busted in the U.S.

The U.S. Attorney's Office has announced charges against a 12-person international group involved in human smuggling, asylum fraud, and money laundering. This group illegally smuggled thousands of people seeking to enter the United States. According to court documents, the organization helped Cuban nationals illegally enter the U.S. by falsifying visa applications, laundering millions of dollars in illicit money, and exploiting the immigration process to smuggle people.

Between 2021 and 2025, members of the group pretended to be European citizens and falsely claimed they could help Cuban nationals obtain U.S. visas. They submitted hundreds of fraudulent visa applications using fake addresses and forged documents. They promised to secure asylum, work permits, and residency, charging between $1,500 and $40,000 per person for their services. You should also be aware of and careful about such visa application scams.

အမေရိကားသို့ လူမှောင်ခိုတင်ပို့သည့် နိုင်ငံတကာ အဖွဲ့တစ်ခုကို ဖမ်းဆီး

အမေရိကန် ရှေ့နေချုပ်ရုံးဟာ နိုင်ငံတကာအဆင့် လူမှောင်ခိုမှု၊ ခိုလှုံခွင့်လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်တဲ့ လူ ၁၂ ဦး ပါဝင်တဲ့ အဖွဲ့ကို အမှုဖွင့်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်၊ ဒီအဖွဲ့ဟာ အမေရိကားကို တရားမဝင်ရွှေ့ပြောင်းနေထိုင်လိုသူ ထောင်နဲ့ ချီပြီး မှောင်ခို ခေါ်သွင်းခဲ့တာပါ၊ တရားရုံးမှတ်တမ်းတွေအရ ကျုဘား နိုင်ငံသားတွေကို အမေရိကားထဲ တရားမဝင် ဝင်ရောက်နိုင်အောင် ဗီဇာလျှောက်လွှာတွေ ပြင်ဆင်ပေးတာ၊ ငွေမဲ သန်းပေါင်းများစွာကို ခဝါချတာနဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ်ကို အလွဲသုံးစားလုပ်ပြီး လူမှောင်ခိုကူးတာ စတာတွေ ဒီအဖွဲ့က လုပ်ကိုင်ခဲ့ကြပါတယ်။

၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် အတွင်းမှာ အဖွဲ့ဝင်တွေဟာ ဥရောပနိုင်ငံသားတွေအဖြစ် ဟန်ဆောင်ခဲ့ပြီး ကျုဘားနိုင်ငံသားတွေကို အမေရိကန် ဗီဇာ ရအောင် ဝန်ဆောင်မှုပေးမယ်လို့ လိမ်လည်ကြေညာခဲ့ပါတယ်၊ ပြီးတော့ လိပ်စာအတု၊ စာရွက်စာတမ်း အတု တွေနဲ့ ဗီဇာလျှောက်လွှာ ရာပေါင်းများစွာကို လျှောက်ထားခဲ့ပါတယ်၊ ခိုလှုံခွင့်၊ အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့် တွေ ရအောင် ဆောင်ရွက်ပေးမယ်လို့ ကတိ ပေးခဲ့ပြီး တစ်ယောက်ကို ဝန်ဆောင်ခ ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၄၀၀၀၀ အထိ တောင်းခံခဲ့ ပါတယ်၊ သင်တို့လည်း ဒီလို ဗီဇာလျှောက်ပေးမယ်ဆိုပြီး လိမ်လည်မှုတွေကို သတိပြုဖို့ လိုပါတယ်။

September 9, 2025, 0930hrs


Ref: internet

Photo: internet

#Aron

#humansmuggling 

#usa

#asylumfraud 

#visaandtravelguide

https://www.uscis.gov/newsroom/news-releases/twelve-people-charged-for-their-roles-in-international-alien-smuggling-asylum-fraud-and-money



Comments