Detained by ICE
နယူးဇီလန်အမျိုးသမီးနဲ့ သူရဲ့ ၆ နှစ်အရွယ်သားငယ် ICE တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရ
(English text below)
အမေရိကားမှာ နေထိုင်တာ ၃ နှစ်ကျော်ပြီ ဖြစ်တဲ့ နယူးဇီလန်က အသက် ၃၃ နှစ်အရွယ် Shaw ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကလေး ၃ ယောက်နဲ့ အတူ အားလပ်ရက်မှာ နယူးဇီလန်က မိဘတွေအိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ကို ကုန်းလမ်းက အပြန် နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ Blaine, Washington မှာ ပြီးခဲ့တဲ့ ၃ ပတ်ခန့်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။
Shaw ရဲ့ အကြီးဆုံးကလေး ၂ ယောက်ကို အမေရိကား ပြန်ဖို့ လေယာဉ်နဲ့ တင်ပေးလိုက်ပြီး အငယ်ဆုံးကလေးနဲ့ အတူ ကုန်းလမ်းကနေ အမေရိကားကို ပြန်ဝင်လာတဲ့အချိန်မှာ ဗီဇာသက်တမ်းကျော်လွန်မှုနဲ့ ICE ရဲ့ ဖမ်းဆီးမှု ခံလိုက်ရတာ ဖြစ်ပါတယ်၊ Shaw ဟာ Combo card လို့ လူသိများတဲ့ Employment Authorization Document (EAD) နဲ့ Advance Parole (AP) ဆိုတဲ့ ခွင့်ပြုမိန့်နှစ်ခုကို ပေါင်းစပ်ထားတဲ့ ကတ်ပြားကို ကိုင်ဆောင်ထားခဲ့ပေမယ့် AP ဆိုတဲ့ ခွင့်ပြုမိန့်မှာ သက်တမ်းကျော်လွန် နေတာကို သတိမပြုမိလို့ ခုလိုမျိုး ICE ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတာ ဖြစ်ပါတယ်။ ဒီ ၂ ခု သက်တမ်းက မတူညီပါဘူး။
ဒါပေမယ့်လည်း ဖမ်းဆီးချိန်မှာ Shaw နဲ့ သူမရဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို သီးခြားစီခွဲထားပြီး ဖမ်းဆီးချုပ်နှောင်တာက တော့ တော်တော်လေး ရုပ်ပျက်ပါတယ်၊ နိုင်ငံတကာမှာတော့ အမေရိကန်ရဲ့ တန်ဖိုးထားမှုတွေနဲ့ လူ့အခွင့်အရေးတွေဟာ ဘယ် ရောက်နေပြီလဲ ဆိုပြီးတော့ မေးခွန်းတွေ တက်နေပါပြီ၊ အမေရိကားရောက် ရွှေမြန်မာတွေအနေနဲ့လည်း အသွားအလာ အနေအထိုင် ဆင်ခြင်ဖို့၊ မိမိတို့ရဲ့ ဗီဇာသက်တမ်းတွေ မကုန်ခင်မှာ လုံလောက်တဲ့အချိန်ယူပြီး သက်တမ်းတိုးထားဖို့ တိုက်တွန်းလိုပါတယ်။
New Zealand woman and her 6-year-old son detained by ICE
A 33-year-old New Zealander named Shaw, who has lived in the United States for over three years, was detained by ICE at the Blaine, Washington border crossing upon returning to the U.S. by land. She was with her three children after a holiday visit to her parents' home in New Zealand.
After putting her two eldest children on a flight back to the U.S., Shaw and her youngest child were attempting to re-enter the country by land when she was detained by ICE for having an expired visa. Although Shaw held a "Combo Card," which combines the Employment Authorization Document (EAD) and Advance Parole (AP), she failed to notice that the AP portion had expired. The validity periods for these two permits are not the same.
The detention of Shaw and her 6-year-old son—and the fact that they were reportedly separated—has drawn criticism, with questions being raised internationally about America's values and human rights. This incident serves as a reminder for Myanmar citizens in the U.S. to be mindful of their movements and immigration status, and to apply for visa extensions well in advance of their expiration dates.
Ref: internet
Photo: internet
#Aron
#usa
#newzealand
#ice
#detained
#visaandtravelguide

Comments
Post a Comment