Hyundai Raids 

ICE Raids Hyundai Plant in US

ICE has raided a Hyundai plant in Georgia, USA, and detained hundreds of South Korean factory workers. In response to the incident, the South Korean government held an emergency meeting and promised a swift response. The Seoul government has sent diplomats to the factory, and LG Energy Solution, which co-operates with Hyundai, has suspended many of its business trips to the US.

During the incident on September 5, 475 South Korean factory workers were arrested and detained. ICE stated that they were arrested for illegal residency, and President Trump said that ICE was "doing its job." In a video released by ICE, workers can be seen being handcuffed, with some wearing uniforms bearing the names Hyundai and LG CNS.

South Korea, a close ally of the US, has promised to invest billions of dollars in American manufacturing to resolve tax issues. However, this raid has caused rising concerns. Trump, while encouraging foreign investment, has been implementing strict visa policies. Officials said that many of the arrested South Korean employees were in the US on business trips under a visa waiver program.

South Korea's foreign minister stated that he would go to Washington if necessary, and South Korean media is widely reporting the raid as a shocking event. This incident could have a negative impact on South Korean investments in the United States.

အမေရိကားက တောင်ကိုးရီးယား စက်ရုံကို ICE ဝင်ရောက်စီးနင်း

အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ Hyundai စက်ရုံတစ်ခုကို ICE က ဝင်ရောက်စီးနင်းပြီး တောင်ကိုးရီးယား နိုင်ငံသား စက်ရုံ ဝန်ထမ်း ရာနှင့်ချီကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တောင်ကိုးရီးယားအစိုးရက အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီး အလျင်အမြန် တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့နောက် ဆိုးလ်အစိုးရက သံတမန်များကို အဆိုပါ စက်ရုံသို့ စေလွှတ်ခဲ့သလို Hyundai နှင့်အတူ စက်ရုံကို ပူးတွဲ လုပ်ကိုင်နေသော LG Energy Solution ကုမ္ပဏီကလည်း အမေရိကား စီးပွားရေးခရီးစဉ်အများစုကို ဆိုင်းငံလိုက်သည်။

စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်အတွင်း တောင်ကိုးရီးယား စက်ရုံဝန်ထမ်း ၄၇၅ ဦး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး ICE က ၎င်း တို့ကို တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သမ္မတ ထရန့်ကလည်း ICE သည် သူ့အလုပ်သူလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ICE က ထုတ်ပြန်သည့် ဗွီဒီယိုတွင် စက်ရုံဝန်ထမ်းများကို ချုပ်နှောင် ဖမ်းဆီး သည်ကို တွေ့ရပြီး အချို့မှာ Hyundai နှင့် LG CNS အမည်ပါ အင်္ကျီများ ဝတ်ဆင်ထားသည်၊ အမေရိကန် ၏ အနီးကပ် မဟာမိတ် ဖြစ်သော တောင်ကိုးရီးယားသည် အခွန်ကိစ္စနှင့် စပ်လျဉ်း၍ ဖြေရှင်းရန် အမေရိကန်ကုန်ထုတ်လုပ်ငန်းများ တွင် ဒေါ်လာ ဘီလီယံ နင့် ချီ၍ ရင်းနှီးမြုပ်နှံရန် ကတိပြုထားသော်လည်း ယခုစီးနင်းမှု ဖြစ်စဉ်ကြောင့် စိုးရိမ်မှုများ မြင့်တက် လာစေခဲ့သည်၊ ထရန့် သည် နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံမှုများကို အားပေးသော်လည်း တင်းကြပ်သည့် ဗီဇာ မူဝါဒများကို ကျင့်သုံး လျက်ရှိသည်။ ဖမ်းဆီးခံရသည့် တောင်ကိုးရီးယား ဝန်ထမ်းအများအပြားမှာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အောက်တွင် စီးပွားရေး ခရီးစဉ်များဖြင့် ရောက်ရှိနေခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ တောင်ကိုးရီးယားနိုင်ငံခြားရေး ဝန်ကြီးက လိုအပ်ပါက ဝါရှင်တန်သို့ သွားရောက်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တောင်ကိုးရီးယား မီဒီယာများက အဆိုပါ စီးနင်းမှုကို ထိတ်လန့်ဖွယ်ရာ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသည်။ အဆိုပါဖြစ်ရပ်ကြောင့် အမေရိကားရှိ တောင်ကိုးရီးယား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ အပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်နိုင်ခြေ ရှိနေသည်။

September 8, 2025, 0900hrs


Ref: internet

Photo: internet

#Aron

#USA

#ICE

#Hyundai

#raid

#visaandtravelguide

https://www.bbc.com/news/articles/c5yvjnp295xo



Comments

Popular posts from this blog