America's Loss

America's Loss is Germany's Gain

Following the H-1B visa changes in the U.S., the German Ambassador announced that skilled workers are welcome in Germany. This invitation comes after the U.S. announced a new $100,000 fee for H-1B visas, at a time when skilled workers around the world are looking for alternative countries to the U.S.
While the U.S. government claims its intention is to curb visa misuse and prioritize American workers, setting a $100,000 fee for skilled worker visas is impractical. Germany, being Europe's largest economy, faces a shrinking population due to an increase in its elderly population. To counter this, the country needs nearly 300,000 immigrants annually. Therefore, if you are a skilled worker, now is an excellent time to relocate and work in Germany. I will continue to share more useful information about German visas in the coming days.

အမေရိကန်အခက် ဂျာမန်အချက်

အမေရိကန်ရဲ့ H-1B visa အပြောင်းအလဲ နောက်ပိုင်းမှာ ဂျာမနီဟာ ကျွမ်းကျင်လုပ်သားတွေကို ကြိုဆိုကြောင်း ဂျာမန် သံအမတ် က ပြောလိုက်ပါတယ်၊ အမေရိကန်ဟာ H-1B Visa အတွက် အခကြေးငွေ ဒေါ်လာ တစ်သိန်း ကောက်ခံဖို့ ထုတ်ပြန် ကြေညာ အပြီးမှာတော့ ကမ္ဘာတဝန်းက ကျွမ်းကျင်လုပ်သားတွေဟာ အမေရိကားအစား သင့်တော်မယ့် နိုင်ငံတွေကို ရှာဖွေနေတဲ့ အချိန်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ ဂျာမဏီ သံအမတ်ရဲ့ ဖိတ်ခေါ်ချက် ထွက်ပေါ်လာတာပါ။
အမေရိကန်ကတော့ ဗီဇာ အလွဲသုံးစားမှုတွေကို ထိန်းချုပ်ဖို့နဲ့ အမေရိကန်လုပ်သားတွေကို ဦးစားပေးဖို့ ရည်ရွယ်တယ် ဆိုပေမယ့် ကျွမ်းကျင် လုပ်သားဗီဇာကြေးကို ဒေါ်လာတစ်သိန်း သတ်မှတ်လိုက်တာက လက်တွေ့မကျပါဘူး၊ ဂျာမဏီဟာ ဥရောပရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပြီး သက်ကြီးရွယ်အိုတွေ တိုးပွားလာတာကြောင့် လူဦးရေ ကျုံ့နေပြီး ဒီအခြေအနေကို ကာမိဖို့ နှစ်စဉ် ရွှေ့ပြောင်းနေထိုင်သူ ၃ သိန်း နီးပါး လိုအပ်ပါတယ်၊ ဒါကြောင့် သင်ဟာ ကျွမ်းကျင်သူတစ်ဦးဖြစ်ရင် ဂျာမဏီကို ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ ဂျာမဏီ ဗီဇာနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို ဆက်လက် တင်ပြပေးသွားပါ့မယ်။
September 25, 2025, 1300hrs

Ref: Internet
Photo: internet


Comments

Popular posts from this blog