Asylum Access
Be Cautious of Scams Using the Asylum Access Name
In March 2025, a Mexican woman received a phone call from someone who offered to help her get a work visa for Canada. The caller claimed to be from the organization Asylum Access and arranged a meeting at an office located in a shopping center.
After the call, the woman looked up the address online and found that it was in a remote area, far from the city center. She then searched for the official Asylum Access website and contacted them directly, which is when she discovered the scam. Asylum Access confirmed that they do not make such job searches and only use the phone numbers listed on their official website.
Asylum Access has already issued a warning about these scams using their name. Investigations revealed that the office at the address provided by the scammers had already been closed before the investigation could be completed. Following the tightening of immigration policies in the U.S. and Canada, as well as worldwide, it's important to be aware of the increasing number of scams that misuse the Asylum Access name to offer help with visas and job searches.
Asylum Access နာမည်ကို သုံးပြီးလိမ်လည်နေကြတာ သတိပြုပါ
၂၀၂၅ မတ်လအတွင်း က မက္ကဆီကို နိုင်ငံသူတစ်ဦီးအား ဖုန်းခေါ်ဆိုလာပြီး ကနေဒါတွင် အလုပ်ဗီဇာ ရရန် ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။ ထိုသူက Asylum Access အဖွဲ့အစည်းမှ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဈေးဝယ်စင်တာတစ်ခု ရှိ ရုံးခန်းသို့ လာရောက်ရန် ချိန်းဆိုခဲ့သည်၊ အဆိုပါ မက္ကဆီကို နိုင်ငံသူက ဖုန်းမှ ပေးသောလိပ်စာကို အင်တာနက်တွင် ရှာဖွေကြည့်ရာ မြို့လယ် နှင့် ဝေးသောနေရာ ဖြစ်နေသည်ကို တွေ့ရသဖြင့် Asylum Access ၏ တရားဝင် ဝက်ဘ်ဆိုဒ်ကို ရှာဖွေပြီး ဆက်သွယ် ကြည့်ရာမှ ထိုသူတို့ လိမ်လည်နေကြောင်း သိလိုက်ရသည်၊ Asylum Access က ထိုကဲ့သို့သော အလုပ်ကမ်းလှမ်းမှုများ မပြုလုပ်ကြောင်း၊ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များကိုသာ အသုံးပြုကြောင်း အကြောင်းပြန်ခဲ့သည်။
Asylum Access အဖွဲ့အစည်းကလည်း ၎င်းတို့၏ အမည်ကို အသုံးပြု၍ လိမ်လည်မှုများ ရှိနေကြောင်း သတိပေးချက်ကို ထုတ်ပြန် ထားပြီး ဖြစ်သည်၊ စုံစမ်းစစ်ဆေးမှုများအရ လိမ်လည်သူ အသုံးပြုသော လိပ်စာပါ ရုံးမှာ စုံစမ်းစစ်ဆေးမှု မပြုလုပ်မီကပင် ပိတ်သွားပြီ ဖြစ်ကြောင်း သိရသည်၊ အမေရိကနှင့် ကနေဒါ အပါအဝင် ကမ္ဘာတဝန်း လူဝင်မှုကြီးကြပ်ရေး မူဝါဒများ တင်းကြပ်လာပြီးနောက် Asylum Access အမည်ကို အလွဲသုံးစားပြုလုပ်ကာ ဗီဇာရရှိအောင်ကူညီပေးမည် အလုပ်ရှာပေးမည် ဆိုသည့် လိမ်လည်မှုများ တိုးလာသည်ကို သတိပြုရမည် ဖြစ်သည်။
September 9, 2025, 1300hrs
Ref: internet
Photo: internet
#Aron
#asylumaccess
#usa
#visaandtravelguide
https://factchequeado.com/teexplicamos/20250904/asylum-access-visa-scammers-mexico-migrants/

Comments
Post a Comment