Canada 

စွန့်ဦးတည်ထွင် လုပ်ငန်းရှင် ဗီဇာ လိုအပ်ချက်တွေ ပြောင်းတော့မလား

(English text below)

နယူးဇီလန်နိုင်ငံဟာ နိုင်ငံရပ်ခြားက စွန့်ဦးတည်ထွင်လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ထုတ်ပေးထားတဲ့ Entrepreneur visa သတ်မှတ်ချက်ကို ပြောင်းလဲဖို့ စဉ်းစားနေကြောင်း သိရပါတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ ထုတ်ပေးထားတဲ့ Entrepreneur visa ဟာ လျှောက်ထားသူ နည်းပါးခြင်း၊ ဗီဇာငြင်းပယ်ခံရမှု များခြင်း၊ သတ်မှတ်ထားတဲ့ စံနှုန်းတွေက ရှုပ်ထွေးနေပြီး ရှင်းလင်းမှု မရှိခြင်း စတာတွေကြောင့် မအောင်မြင်ကြောင်း အကဲဖြတ်ခံရလို့ ဖြစ်ပါတယ်။

လက်ရှိမူဝါဒမှာ ပြဿနာ ၃ ခုရှိနေပါတယ်၊ ၁ ကတော့ ရင်းနှီးမြုပ်နှံမှု နည်းတဲ့ လုပ်ငန်းတွေကို အစိုးရက မလိုချင်တော့ဘူး၊ ၂ က လုပ်ငန်းစဖို့ သတ်မှတ်ထားတဲ့ ပမာဏက ခုမှစပြီး စွန့်ဦးတည်ထွင်မယ့်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်စေတယ်၊ ၃ ကတော့ ဗီဇာလျှောက်ထားဖို့ ကုန်ကျစရိတ်များတာ၊ ဗီဇာကြေး ကြီးမြင့်တာ၊ ဗီဇာငြင်းပယ်ခံရရင် နစ်နာနိုင်တာတွေကို တွက်ပြီး လုပ်ငန်းရှင်တွေက ဒီဗီဇာကို လျှောက်ဖို့ စိတ်မဝင်စားတော့ပါဘူး။

ဒါတွေကြောင့် နယူးဇီလန်အစိုးရဟာ ဒီဗီဇာကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပါတယ်၊ နည်းပညာမြင့်မားတဲ့ လုပ်ငန်းတွေကို ဦးစားပေးမယ်၊ နိုင်ငံအတွင်း ဆက်ခံသူမရှိလို့ ရောင်းချဖို့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ယူဖို့ အခွင့်အလမ်းပေးမယ်၊ ၅ နှစ်အတွင်း လုပ်ငန်းအောင်မြင်ရင် ဗီဇာ ဆက်ပေးမယ် လို့ သိရပါတယ်၊ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွက် အကျိုးရှိလာစေဖို့ ပိုမို ရှင်းလင်းပြီး လက်တွေ့ကျတဲ့ ဗီဇာမူဝါဒ အသစ်တစ်ခုကို ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

August 11, 2025 08:30 am

New Zealand: Entrepreneur visa changes likely

New Zealand is reportedly considering changes to its entrepreneur visa, a program designed for foreign entrepreneurs. This is because the current Entrepreneur visa is being assessed as unsuccessful due to several factors, including a low number of applicants, a high rate of visa rejections, and confusing and unclear criteria.

The current policy has three main problems:

  1. The government no longer wants low-investment businesses.

  2. The required capital to start a business is a significant challenge for new entrepreneurs.

  3. Entrepreneurs are not interested in applying for this visa because of the high application costs, expensive visa fees, and the risk of financial loss if their application is rejected.

As a result, the New Zealand government is planning to overhaul this visa. The new policy is expected to prioritize high-tech businesses and provide opportunities for foreigners to purchase existing businesses that are up for sale due to a lack of succession. Additionally, if a business is successful within five years, the visa will be extended. The goal is to create a clearer and more practical new visa policy that will benefit the country.



Ref: internet

Photo: internet

#Aron

#newzealand

#Entrepreneur 

#visaandtravelguide

https://www.rnz.co.nz/news/business/569244/2-shops-high-tech-exports-and-buying-retirees-firms-entrepreneur-visa-changes-likely



Comments

Popular posts from this blog