UK

ယူကေဟာ နိုင်ငံအတွင်း နိုင်ငံခြားသားတွေ ပြောင်းရွှေ့ဝင်ရောက်လာမှုကို ထိန်းချုပ်မယ်

(English text below)

ယူကေဟာ နိုင်ငံအတွင်း နိုင်ငံခြားသားတွေ ပြောင်းရွှေ့ဝင်ရောက်လာမှု မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့အတွက် အရည်အချင်း မြင့်မားတဲ့ လုပ်သားတွေကိုသာ ဦးစားပေးခေါ်ယူသွားနိုင်ဖို့ Skilled worker visa စည်းမျဉ်းတွေကို ပိုမိုတင်းကြပ်လာတော့မှာ ဖြစ်ပါတယ်၊ Skilled worker visa ဆိုတာ ဗြိတိန်နိုင်ငံ အတွင်း လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်ပက ကျွမ်းကျင်လုပ်သား တွေကို ထုတ်ပေးတဲ့ ဗီဇာ အမျိုးအစား ဖြစ်ပါတယ်၊ ဒီဗီဇာကို အသုံးချပြီး ဗြိတိန်ကို ပြောင်းရွှေ့ဝင်ရောက်မှု မြင့်မားလာတဲ့အတွက် ခုလိုမျိုး စည်းကမ်းတင်းကြပ်မှုတွေ ဖြစ်လာတာပါ။

ဘာတွေ ထပ်တင်းကြပ်လာသလဲ၊ ပထမဆုံးကတော့ အနိမ့်ဆုံး ရရမယ့် လစာ သတ်မှတ်ချက်ကို တိုးမြှင့်တာ၊ ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ချက်တွေ မြှင့်တာ (အရင်က လျှောက်ထားနိုင်ခဲ့တဲ့ အချို့သော အလယ်အလတ် အဆင့် အလုပ်အကိုင်တွေဟာ ဗီဇာ စည်းမျဉ်းအသစ်မှာ လျှောက်ထားလို့ မရနိုင်တော့တာ)၊ အင်္ဂလိပ်စာ လိုအပ်ချက် တိုးမြှင့်တာ၊ တချို့ အလုပ်အကိုင်တွေကို ပယ်ဖျက်တာ၊ (ဥပမာ စောင့်ရှောက်ရေးလုပ်ငန်းနဲ့ပတ်သက်တာ) ဒါတွေ ရှိလာပါတယ်။

အဓိက သိထားရမှာက ဒီပလိုမာတွေ အောင်လက်မှတ်တွေနဲ့ ဒီဗီဇာကို လျှောက်ထားလို့ ရတော့မှာ မဟုတ်ဘဲ အနိမ့်ဆုံး အဆင့် ဘွဲ့ရ ထားတဲ့သူတွေသာ လျှောက်ထားလို့ ရမှာပါ၊ နောက်ပြီး Care worker, Senior Care worker တွေအနေနဲ့ ဒီဗီဇာကို လျှောက်လို့ရမှာမဟုတ်တော့သလို Skilled worker visa ရထားတဲ့သူတွေအနေနဲ့ ယခင်က မိသားစုဝင်တွေကို ခေါ်ယူလို့ရပေမယ့် ခု စည်းမျဉ်းအသစ်မှာတော့ ခေါ်လို့မရတော့ပါဘူး အသေးစိတ် အချက်အလက်တွေကို တော့ UK visa and immigration website မှာ ဝင်ရောက် ကြည့်ရှိနိုင်ပါတယ်။

August 11, 2025, 12:30 pm

The United Kingdom Changes to Skilled Worker Visa for 2025

To control the rising number of foreign nationals migrating to the country, the UK is set to tighten its Skilled Worker visa rules. The Skilled Worker visa is a type of visa issued to skilled foreign workers to address labor shortages in the UK. The increase in migration to the UK using this visa is the reason for these new, stricter regulations.

What are the new strict rules? First, there will be an increase in the minimum salary threshold and the skill level requirements. This means some mid-level occupations that were previously eligible may no longer be applied under the new visa rules. Additionally, there are increases to the English language requirements and the removal of certain occupations from eligibility, such as those in the care sector.

A key point to note is that applicants will no longer be able to apply with just diplomas or certificates; a minimum bachelor's degree will be required. Furthermore, under the new rules, Skilled Worker visa holders will no longer be allowed to bring their family members with them, which was previously permitted. For more detailed information, you can visit the UK Visas and Immigration website.


Ref: internet

Photo: internet

#Aron

#uk

#skilledworkers

#visaandtravelguide

https://www.envoyglobal.com/news-alert/the-united-kingdom-changes-to-skilled-worker-visa-for-2025/



Comments

Popular posts from this blog