Japan
ဂျပန်မှာ Business Manager Visa အတွက် ကနဦး ရင်းနှီးမြုပ်နှံမှုပမာဏ ၆ ဆမြှင့်တင်
(English text below)
ဂျပန်မှာ ၂၀၁၉ ခုနှစ်က စတင်ပြီး ကျင့်သုံးခဲ့တဲ့ Work or Long-term stay visa အောက်မှာရှိတဲ့ Business manager visa စည်းမျဉ်းတွေကို ၂၀၂၅ ဇန်နဝါရီလက စတင် တင်းကြပ်လိုက်ပြီ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်း တစ်ခုခု ကို အမှန်တကယ်လုပ်ကိုင်တာမျိုး မဟုတ်ဘဲ ဗီဇာရရုံအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏကို ပြသပြီး ကုမ္ပဏီ အတုတွေနဲ့ လျှောက်ထား ရယူလာကြသူ များလာလို့ ဖြစ်ပါတယ်။ ဒီဗီဇာနဲ့ ခရီးသွားလုပ်ငန်းတွေ minpaku လို့ခေါ်တဲ့ အငှားအိမ်ရာ ငယ်လေးတွေ ငှားရမ်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်လာကြလို့လဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်စီးပွားရေးလုပ်မယ့်သူတွေ ဂျပန် စီးပွားရေးကို အကျိုးပြုနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို ခွဲထုတ်ဖို့ ရည်ရွယ်ပြီး ဗီဇာစည်းမျဉ်းပြောင်းလဲမှုတွေကို သတ်မှတ် ခဲ့တာပါ။
အရင်က ဆိုရင် ရင်းနှီးမြုပ်နှံမှု ပမာဏ ယန်း ၅ သန်းပြရုံပဲ လိုပေမယ့် ခု ထပ်မံတင်းကြပ်လိုက်တဲ့ စည်းမျဉ်းမှာတော့ ယန်း ၃၀ အထိ ၆ ဆတိုးမြှင့်လိုက်ပါတယ်၊ တခြားလိုအပ်ချက်တွေကတော့ ယခင် စည်းမျဉ်းအတိုင်း ရုံးခန်းတစ်ခု ရှိရပါမယ်၊ Business plan တင်ပြရပါမယ်၊ စည်းမျဉ်းအသစ်တွေအရ ရင်းနှီးမြုပ်နှံမှု ပမာဏ မြှင့်တင်လိုက်တာဟာ အမှန်တကယ် စီးပွားရေးလုပ်မယ့်သူတွေ ကို စစ်ထုတ်လိုက်တာ ဖြစ်ပေမယ့် ရင်းနှီးမြုပ်နှံမှု အင်အားနည်းပါးတဲ့ သေးငယ်တဲ့ လုပ်ငန်းရှင်တွေ၊ တစ်ကိုယ်တော် စီးပွားရေး လုပ်ငန်း စတင်ချင်သူတွေအတွက် ဂျပန်မှာ လုပ်ငန်းစတင်ဖို့ ပိုမိုခက်ခဲလာမှာ ဖြစ်ပါတယ်။
August 12, 2025, 13:00 pm
Japan to hike business manager visa threshold sixfold amid abuse allegations
Japan has recently tightened its regulations for the Business Manager Visa, which falls under the "Work or Long-term stay" category. As of January 2025, the initial investment required for this visa has been increased sixfold due to concerns over its misuse.
The previous regulation, which was implemented in 2019, only required a capital investment of JPY 5 million to apply for the visa. However, the Japanese government discovered that many individuals were creating "paper companies" to meet the investment threshold and obtain the visa without any real intention of running a business. This was often done to operate small-scale ventures like short-term rentals (minpaku).
In response to this, the government has now raised the minimum capital investment to JPY 30 million. The new rules aim to filter out fraudulent applicants and attract genuine entrepreneurs who can make a substantial contribution to the Japanese economy. While other requirements, such as having a physical office and a business plan, remain the same, this change makes it significantly more difficult for small-scale entrepreneurs and those with limited funds to start a business in Japan.
Ref: internet
Photo: internet
#Aron
#japan
#longtermvisa
#businessmanager
#visaandtravelguide

Comments
Post a Comment