Dropbox
US မှာ ဗီဇာသက်တမ်းတိုးတဲ့ Dropbox စနစ်ကို ဖျက်သိမ်း
(English text below)
Dropbox visa renewal စနစ်ဆိုတာ အမေရိကား ဗီဇာ သက်တမ်းတိုးတဲ့အခါမှာ အင်တာဗျုးသွားဖြေစရာမလိုဘဲ ပတ်စ်ပို့ အပါအဝင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ ဗီဇာလျှောက်ထားရေး စင်တာမှာ သွားအပ်ပြီး ဗီဇာ သက်တမ်း တိုးနိုင်တဲ့ စနစ် ဖြစ်ပါတယ်၊ လုပ်ရတဲ့လုပ်ငန်းစဉ်တွေက အွန်လိုင်းကနေ DS-160 ဖောင်ကို ဖြည့်ပြီး Confirmation letter ကို ပရင့်ထုတ်ရပါတယ်၊ ဗီဇာကြေးကို ပေးဆောင်ပြီးတော့ ပြေစာကိုသိမ်းထားရပါတယ်၊ ပြီးရင် ဗီဇာလျှောက်ထားရေး ဝက်ဆိုဒ်မှာ အကောင့်တစ်ခုဖွင့်ပြီးတော့ Dropbox စနစ်နဲ့ ဗီဇာလျှောက်ထားဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်မကိုက် စစ်ဆေးပြီးတော့ ကိုက်ညီတယ်ဆိုရင် ဗီဇာစာရွက်စာတမ်းတွေကို အပ်နှံမယ့်ရက်ကို ချိန်းဆိုရပါတယ်၊ ချိန်းထားတဲ့ရက်မှာ ပတ်စ်ပို့အပါအဝင် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ယူပြီး ဗီဇာလျှောက်ထားရေးစင်တာမှာ သွားအပ်ရတာပါ၊ တာဝန်ရှိ အဖွဲ့အစည်းကနေ စစ်ဆေးပြီး အိုကေရင် ဗီဇာ ထုတ်ပေးပြီးတော့ အိမ်လိပ်စာအတိုင်း ပြန်ပို့ပေးတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။
ဒီလောက်အဆင်ပြေလွယ်ကူတဲ့ စနစ်ကို ဖျက်သိမ်းပြီး စက်တင်ဘာ ၂ ရက်နေ့က စပြီးတော့ ဗီဇာ သက်တမ်း တိုးမယ် ဆိုရင် လူကိုယ်တိုင် မဖြစ်မနေ ဗီဇာ အင်တာဗျူး သွားရောက်ဖြေရမှာ ဖြစ်ပါတယ်၊ ယခင်ကဆိုရင် အသက် ၁၄ နှစ်အောက် ကလေးတွေနဲ့ အသက် ၇၉ နှစ်အထက် လူကြီးတွေဟာ အင်တာဗျူးဖြေစရာမလိုဘဲ ကင်းလွတ်ခွင့် ရခဲ့ပေမယ့် ယခု စည်းမျဉ်း အသစ်အရ သူတို့လည်း လူကိုယ်တိုင် အင်တာဗျူး ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ ဒါဟာလည်း ထရန့်လက်ထက် တင်းကြပ်လာတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေထဲက တစ်ခု ဖြစ်ပါတယ်။
August 13, 2025, 09:00 am
US to scrap ‘Dropbox’ visa renewals from September 2
The U.S. has eliminated the Dropbox visa renewal system, which allowed applicants to renew their visas without an in-person interview. This system enabled individuals to submit their passports and other required documents at a visa application center.
The process involved several steps:
Fill out the DS-160 form online and print the confirmation letter.
Paying the visa fee and keeping the receipt.
Creating an account on the visa application website to determine eligibility for the Dropbox system.
Scheduling an appointment to drop off the documents.
Submit the passport and all necessary documents at the visa application center on the scheduled date & time.
DHS would then review the application and, if approved, issue the visa and mail it back to the applicant's home address.
Starting September 2, this convenient system was canceled. Anyone renewing a visa must now attend an in-person interview. Previously, children under 14 and adults over 79 were exempt from interviews, but under the new regulations, they are now also required to appear in person. This change is one of the stricter immigration policies implemented during Trump’s administration.
Ref: internet
Photo: internet
#Aron
#usa
#dropbox
#visaandtravelguide

Comments
Post a Comment