H-1B visa နဲ့အမေရိကားကို သွားမယ်ဆိုရင် ၂၀၂၇ က စပြီး လစာကောင်းဖို့လိုလာပါပြီ

(English text below)

H-1B visa ဆိုတာ အမေရိကားအခြေစိုက်ကုမ္ပဏီတွေကနေ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကို ခေါ်ယူဖို့ ထုတ်ပေးတဲ့ ဗီဇာ တစ်မျိုး ဖြစ်ပါတယ်၊ H-1B visa ထုတ်ပေးဖို့ အရေအတွက်ကို နှစ်စဉ် လူဦးရေ ၈၅၀၀၀ ဝန်းကျင် သတ်မှတ် ထားပြီး လျှောက်ထားသူ များပြားလွန်းတာကြောင့် မဲနှိုက်ပြီး မဲပေါက်သူတွေကို ဗီဇာ ချထားပေးလေ့ရှိပါတယ်၊ ဒီဗီဇာကို ရရှိသူတွေဟာ အမေရိကားမှာ ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရှိပြီး နောက်ပိုင်းမှာ Green Card လျှောက်ထား နိုင်ပါသေးတယ်။ ဒီစနစ်ကိုတော့ Lottery system လို့ခေါ်ပါတယ်။

ဒါပေမယ့် ခု မူဝါဒအပြောင်းအလဲမှာတော့ မဲနှိုက်ရွေးချယ်မှုကို ထပ်မံတင်းကြပ်လာမှာ ဖြစ်ပြီး အရင်လို ကျပန်း မဲနှိုက်တဲ့ lottery system အစား လျှောက်ထားသူ ရရှိမယ့် လစာအနည်းအများအပေါ် မူတည်ပြီး ရွေးချယ်တဲ့စနစ်ကို အစားထိုးဖို့ စီစဉ်နေပါတယ်၊ သဘောက လစာ အမြင့်ဆုံး ရတဲ့သူက ဗီဇာ ရဖို့သေချာပြီး လစာ အနည်းအများအလိုက် စီပြီး ရွေးချယ်သွားမှာပါ၊ ဒီအစီအစဉ်ကို wage-based system လို့ ခေါ်ပြီး ၂၀၂၇ ခုနှစ်မှာ စတင်ကျင့်သုံးမယ်လို့ သိရပါတယ်။

ဒီအပြောင်းအလဲဟာ အတွေ့အကြုံရှိပြီး လစာမြင့်မားတဲ့ ပညာရှင်တွေကို အကျိုးပြုနိုင်ပေမယ့် တက္ကသိုလ်ကနေ ဘွဲ့ရပြီးခါစ လုပ်သက် အတွေ့အကြုံ နည်းသေးတဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးတွေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ မြန်မာနိုင်ငံသား တွေအတွက်က လစာမြင့်နေမှသာ H-1B visa ရဖို့ အခွင့်အရေးပိုရှိမှာ ဖြစ်ပါတယ်။

August 13, 2025, 13:00

In 2027, it may become more difficult to get an H-1B visa to go to the United States.

An H-1B visa is a type of visa issued to skilled foreign workers by U.S.-based companies. The number of H-1B visas issued annually is set at around 85,000. Due to the high number of applicants, visas are typically granted through a lottery system. Those who receive this visa have the right to live and work in the U.S. temporarily and can later apply for a Green Card. This is known as the Lottery System.

However, with the new policy changes, the selection process is set to become stricter. Instead of the random lottery system, the new plan is to implement a wage-based system where applicants are chosen based on the salary they will receive. This means that applicants with the highest salaries will be prioritized, and selections will be made in descending order of salary. This system, known as the wage-based system, is expected to be implemented in FY2027.

This change could benefit experienced professionals with high salaries but may significantly reduce opportunities for recent university graduates with less work experience.

Ref: internet

Photo: internet

#Aron

#usa

#h1bvisa

#wagebasedsystem

#visaandtravelguide

https://www.financialexpress.com/business/investing-abroad-h-1b-lottery-to-end-white-house-approves-big-immigration-overhaul-plan-3944280/



Comments

Popular posts from this blog