Regional Centers
အမေရိကားက Regional Centers အကြောင်း သိကောင်းစရာ
(English text below)
မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေ အမေရိကားမှာ ဂရင်းကတ်ရဖို့အတွက် ရင်းနှီးမြုပ်နှံမယ်ဆိုရင် Regional Centers တွေ အကြောင်း မဖြစ်မနေ သိထားရမှာပါ၊ သူ့သတ်မှတ်ချက်က သာမန်ပြည်နယ်တွေမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ဒေါ်လာ တစ်သန်းနဲ့ ငါးသောင်း၊ အလုပ်လက်မဲ့တွေများတဲ့ဒေသတွေမှာဆိုရင် ဒေါ်လာ ၈ သိန်း ထည့်ဝင်ရင်းနှီးမြုပ်နှံရင် ရပါပြီ၊ ဒီနေရာမှာ အဲဒီငွေ တွေကို ဘယ်လိုနေရာမှာ ရင်းနှီးမြုပ်နှံရမလဲ ခေါင်းစားစရာမလိုပါဘူး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ရှိနေတဲ့ Regional Centers တွေထဲက ကိုယ်နဲ့သင့်တော်မယ့်စင်တာ တစ်ခုခုကို ရွေးချယ်ပြီး အဲဒီငွေတွေကို ထည့်ဝင်လိုက်ရင် ရပါပြီ၊ Regional Center ကပဲ ရင်းနှီးမြှုပ်နှံလိုသူတွေဆီကနေ ရင်းနှီးမြှုပ်နှံမှုငွေတွေကို စုစည်းပြီး ဒေသအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေ (ဥပမာ- ဟိုတယ်အကြီးစားဆောက်လုပ်ရေး၊ ရုံးအဆောက်အအုံများ၊ စက်ရုံများ) မှာ ပြန်လည်ရင်းနှီးမြှုပ်နှံပေးပါတယ်။
ဒီအတွက် Regional Center ကို စီမံခန့်ခွဲခအနေနဲ့ Administrative Fee ပမာဏတစ်ခုကို ပြန်ပေးရပါတယ်၊ ဆိုလိုတာက ဒီ ရင်းနှီးမြုပ်နှံငွေအတွက် ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲစရာ မလိုဘဲ သက်ဆိုင်ရာ Regional Center ကပဲ အလုံးစုံ စီမံခန့်ခွဲပေးမှာ ဖြစ်ပါတယ်၊ တနည်းအားဖြင့် Regional Center ဆိုတာ EB-5 visa လုပ်ငန်းစဉ်မှာ အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်း ပုံစံ တစ်မျိုး ဖြစ်ပြီး အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် ဖန်တီးပေးမှုနဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင် ပေးဖို့ အတွက် USCIS (U.S. Citizenship and Immigration Services) က တရားဝင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဒါဟာ EB-5 visa အတွက်လိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ကို လည်း ဖြည့်ဆည်းပေးနေသလို ကိုယ်တိုင် လုပ်ရင် စွန့်စားရမှာတွေကိုလည်း လျော့ချပေးနိုင်တာပါ၊ တိုတိုပြောရရင် Regional Center ဟာ EB-5 ဗီဇာအတွက် ရင်းနှီး မြှုပ်နှံမှု လမ်းကြောင်းတစ်ခုဖြစ်ပြီး၊၏ ရင်းနှီးမြှုပ်နှံသူတွေကို စီမံခန့်ခွဲမှုတာဝန်တွေ ပေါ့ပါးစေပြီး အလုပ်အကိုင် ဖန်တီးမှု လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အထောက်အကူပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
August 14, 2025, 1:00 pm
Key Information about Regional Centers in the U.S.
If you and your family are considering an investment for a Green Card in the U.S., it's essential to understand Regional Centers.
The investment requirement is $1.05 million for investments in regular areas, or $800,000 for investments in Targeted Employment Areas (TEA). You don't need to worry about where to invest that money. You can simply choose a suitable Regional Center from those available in the state and contribute your funds. The Regional Center will then pool investments from applicants to reinvest in large-scale regional development projects, such as major hotel constructions, office buildings, or factories.
In return for this service, you will need to pay an Administrative Fee to the Regional Center. This means you do not have to be involved in the management of your investment; the Regional Center handles all aspects of it.
Essentially, a Regional Center is a type of business model used in the EB-5 visa process. It is an organization officially authorized by USCIS (U.S. Citizenship and Immigration Services) to promote economic growth, job creation, and local investment in the U.S.
This method helps you meet the job creation requirements for the EB-5 visa while also reducing the risks associated with managing an investment yourself. In short, a Regional Center is a viable investment path for an EB-5 visa that lightens the management burden on investors and helps them fulfill the job creation requirement.
Ref: internet
Photo: internet
#Aron
#usa
#eb5visa
#regionalcenter
#visaandtravelguide

Comments
Post a Comment