Family Members
ကူဝိတ်ကို မိသားစုဝင်တွေ ခေါ်ချင်ရင် လွယ်သွားပြီ
(English text below)
ဒီလ ၁၃ ရက်နေ့က စပြီးတော့ ကူဝိတ်ကို family visit visa နဲ့ မိသားစုဝင်တွေကို ခေါ်ဖို့အတွက် အရင်လို မဟုတ်တော့ဘဲ လွယ်ကူ သွားပြီ ဖြစ်ပါတယ်၊ ယခင်ကဆိုရင် တာဝန်ခံ ခေါ်ယူမယ့်သူအတွက် အနိမ့်ဆုံး လစာသတ်မှတ်ချက်ရယ် ကူဝိတ်လေကြောင်းလိုင်း ကို မဖြစ်မနေ စီးရမယ်ဆိုတာရယ် သတ်မှတ်ထားတာပါ၊ ခုတော့ လစာသတ်မှတ်ချက်လဲ မရှိတော့ဘူး၊ ဘယ်လေကြောင်းလိုင်းပဲ ဖြစ်ဖြစ် စီးလို့ရမယ့်အပြင် မိသားစုဝင်အဖြစ်သတ်မှတ်ချက်ကိုလည်း သွေးသားအရ စတုတ္ထအဆင့်အထိ နဲ့ အိမ်ထောင်ဖက်ရဲ့ တတိယ အဆင့်အထိ ဆွေမျိုးတွေကို ဖိတ်ခေါ်လို့ ရနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ကြိုက်တဲ့ လေကြောင်းလိုင်း၊ ကုန်းလမ်း၊ ရေလမ်းနဲ့လဲ ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်၊ အွန်လိုင်းကနေလဲ ဗီဇာ လျှောက်ထားလို့ ရတဲ့အတွက် အချက်အလက်သာ ပြည့်စုံရင် မိနစ်ပိုင်းအတွင်း ဗီဇာရနိုင်ပါတယ်၊ ဒီသတင်းကတော့ ကူဝိတ်မှာ ရောက်ရှိနေပြီး မြန်မာြပည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေကို ခေါ်ယူလိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။
August 18, 2025, 09:00 am
Family members can now be brought to Kuwait more easily
Starting from the 13th of this month, it has become easier to bring family members to Kuwait on a family visit visa. Previously, there was a minimum salary requirement for the sponsor and a mandatory requirement to fly on Kuwait Airways. Now, the salary requirement has been removed, you can fly with any airline, and the family definition has been expanded to include up to the fourth degree of blood relatives and up to the third degree of the spouse's relatives.
In addition, you can now enter by air, land, or sea with your preferred route of transport. The visa can also be applied online, and if the information is complete, the visa can be obtained within a few minutes. This is good news for Myanmar citizens in Kuwait who want to bring their family members and relatives from Myanmar.
Ref: internet
Photo: internet
#Aron
#kuwait
#familyvisitvisa
#visaandtravelguide

Comments
Post a Comment