Visa Fees Increased
အမေရိကား ဗီဇာတစ်ချို့ ကုန်ကျစရိတ် ၆၀၀% အထိတိုးလာ
(English text below)
အမေရိကားမှာ asylum, parole, TPS, SIJ နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ဗီဇာလျှောက်ထားသူတွေဟာ ဩဂုတ်လ ၂၁ ရက်နေ့က စပြီး ကုန်ကျစရိတ် ၆၀၀% အထိ တိုးလာမှာ ဖြစ်ပါတယ်၊ ဒါဟာ ဝင်ငွေနည်းသူတွေနဲ့ စီးပွားရေးအရ အခက်အခဲရှိတဲ့သူတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမှာပါ၊ Form I-589 အတွက် လျှောက်လွှာကြေး ဒေါ်လာ ၁၀၀ အပြင် ကိစ္စမပြီးမချင်း နစ်တိုင်း ဒေါ်လာ ၁၀၀ ပေးရပါမယ်၊ အလုပ်လုပ်ခွင့်ကဒ်အတွက် က ပထမဆုံးအကြိမ်မှာ ဒေါ်လာ ၅၅၀၊ သက်တမ်းတိုးတိုင်း ဒေါ်လာ ၂၇၅ ပေးရပါမယ်၊ Parole ကိုအခြေခံတဲ့ အလုပ်လုပ်ခွင့်ကဒ်အတွက်က ပထမဆုံးအကြိမ်မှာ ဒေါ်လာ ၅၅၀၊ သက်တမ်းတိုး အတွက် လည်း ၂၇၅ ဒေါ်လာကျပါမယ်၊ TPS အတွက်က ထပ်ဆောင်းငွေ ဒေါ်လာ ၅၀၀ ပါထည့်လိုက်ရင် စုစုပေါင်း ၅၈၀ ဒေါ်လာ ကုန်ပါမယ်၊ SIJ အတွက် အရင်က ပိုက်ဆံမကောက်ပေမယ့် ခု လျှောက်လွှာကြေး ဒေါ်လာ ၂၅၀ ပေးဆောင်ရပါမယ်။
USCIS ကတော့ ဒီ ကောက်ခံမှု နှုန်းတွေအားလုံးကို ငွေကြေးဖောင်းပွမှုနဲ့အညီ နှစ်စဉ် တိုးမြှင့်သွားမယ်လို့ ပြောပါတယ်၊ ဒီလို တိုးမြှင့်တာက မိသားစုနဲ့ အလုပ်အကိုင် အခြေပြု ဂရင်းကတ် လျှောက်ထားမှုတွေကိုတော့ သက်ရောက်မှုမရှိသေးပါဘူး။
August 26, 2025, 0930 hrs.
US visa fees for some categories have increased by up to 600%.
For cases related to asylum, parole, Temporary Protected Status (TPS), and Special Immigrant Juvenile (SIJ) in the U.S., visa applicants will face a cost increase of up to 600% starting from August 21. This will create a significant burden for low-income individuals and those with financial difficulties.
Here are some of the new fees:
For Form I-589, a $100 filing fee is required, plus an additional $100 each year until the case is finalized.
An initial work permit card costs $550, with each renewal costing $275.
For parole-based work permits, an initial card costs $550, with renewals also costing $275.
For TPS, the total cost will be $580, including an additional fee of $500.
For SIJ, which was previously free, a filing fee of $250 is now required.
USCIS has stated that all these fees will be increased annually in line with inflation. However, family- and employment-based Green Card applications are not yet affected by these changes.
Ref: internet
Photo: internet
#Aron
#usa
#parol
#tps
#sij
#visaandtravelguide

Comments
Post a Comment