Aging Out

H4 visa ကိုင်ထားတဲ့ ကလေးတွေ အတွက် သတိပြုဖွယ် အသက်လွန်ခြင်း အန္တရယ်

(English text below)

အမေရိကန်က ကုမ္ပဏီတွေ ဟာက အထူးပြုနယ်ပယ်တွေထဲက အရည်အချင်း ပြည့်မီတဲ့ နိုင်ငံခြားသားတွေကို H-1B visa နဲ့ ခေါ်ယူခန့်ထားတာ ရှိပါတယ်၊ ဒီဗီဇာနဲ့ ၆ နှစ်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရှိပြီး အိမ်ထောင်ဖက်နဲ့ အသက် ၂၁ နှစ်အောက် ကလေးတွေကို H-4 visa နဲ့ ခေါ်ယူခွင့်ရှိပါတယ်၊ H-4 visa ကိုင်ဆောင်တဲ့ ကလေးတွေအနေနဲ့ အသက် ၂၁ နှစ် မပြည့်ခင်မှာ ဂရင်းကတ် ရထားဖို့ အရေးကြီးပါတယ်၊ ဂရင်းကတ် လျှောက်ထားရေးလုပ်ငန်းစဉ်တွေဟာ အချိန်ကြာလွန်းတာမို့ ဂရင်းကတ် ရတဲ့အချိန် မှာ ကိုယ့်ကလေး အသက်လွန်တာကို ကာကွယ်ဖို့အတွက် ယခင်က ဖောင်တင်တဲ့ရက်ကို အတည်ပြုခဲ့ပေမယ့် ခုတော့ ဂရင်းကတ် ထုတ်ပေးတဲ့ ရက်ကိုသာ အတည်ပြုတော့မှာပါ။ ဆိုလိုတာက ဂရင်းကတ်ရချိန်မှာ အသက် ၂၁ နှစ်မပြည့်သေးရင် H-4 visa နဲ့နေနိုင်ပေမယ့် အသက် ၂၁ ပြည့်သွားပြီဆိုရင်တော့ H-4 visa က အကျုံးမဝင်တော့ပါဘူး။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန USCIS ရဲ့ မူဝါဒအသစ်ကြောင့် H-4 visa ကိုင်ဆောင်ထားတဲ့ ကလေးတွေအနေနဲ့ အသက် ၂၁ နှစ်မပြည့်မီမှာ ဂရင်းကတ် မရသေးရင် ကိုယ့်ရဲ့ ဗီဇာသက်တမ်း မကုန်ခင် F1 visa ကို ပြောင်းလဲလျှောက်ထားဖို့ လိုအပ် လာပါပြီ၊ ဒါဟာ ထရန့်လက်ထက်မှာ ပြောင်းလဲလာတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသစ်ကြောင့် ဖြစ်ပါတယ်။

August 26, 2025, 1300 hrs.

A Warning for Children with H-4 Visas: The Danger of "Aging Out"

US companies hire qualified foreign professionals in specialized fields with H-1B visas. This visa allows them to live and work in the US for up to six years and bring their spouses and children under 21 on H-4 visa.

For children holding an H-4 visa, it's crucial to obtain a green card before they turn 21. Because the green card application process can be very lengthy, the date a person's age is "locked in" because the application is a key factor. Previously, USCIS used the filing date to determine a child's age, but now they only use the date when the green card is issued.

This means that if a child is under 21 when the green card is issued, they can stay on an H-4 visa. However, if they turn 21 before the green card is issued, their H-4 visa becomes invalid.

Due to this new policy from the US Citizenship and Immigration Services (USCIS), children with H-4 visas who won't receive their green card before they turn 21 now need to apply for an F-1 student visa before their current visa expires. This change is part of the new immigration policies that have been implemented under the Trump administration.

Ref: internet

Photo: internet

#Aron

#usa

#h4visa

#children

#visaandtravelguide

https://www.hindustantimes.com/world-news/us-news/new-uscis-rule-threatens-education-of-h-1b-visa-holders-dependant-children-a-quick-look-at-repercussion-and-suggestion-101756120274971.html



Comments

Popular posts from this blog