Healthcare Sector
UK မှာ ကျန်းမာရေးဝန်ထမ်းတွေ ရှားပါးလာတယ်
(English text below)
ယူကေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ ဝန်ထမ်းရှားပါးမှု ပြင်းထန်လာနေပါတယ်၊ မကြာသေးခင်က ပြောင်းလဲလိုက်တဲ့ ဗီဇာမူဝါဒတွေရဲ့ အကျိုးဆက်ကြောင့် နိုင်ငံခြားသားလုပ်သားတွေအတွက် ဗီဇာထုတ်ပေးမှု သိသိသာသာ လျော့ကျသွားတာ ဖြစ်ပြီး ၂၀၂၅ ဇွန်လအထိ တစ်နှစ်တာကာလအတွင်းမှာ ကျန်းမာရေးကဏ္ဍအတွက် ဗီဇာထုတ်ပေးမှု ၇၇% လျော့ကျသွား ခဲ့တာကြောင့် စိုးရိမ်စရာအနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာတွေက အစိုးရရဲ့ ပံ့ပိုးမှုရပ်ဆိုင်းသွားခြင်း၊ ဗီဇာမူဝါဒတင်းကြပ်လာခြင်း နဲ့ အလုပ်ရှင်တွေအပေါ် တင်းတင်းကြပ်ကြပ် စိစစ်လာခြင်း တို့က အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်၊ ဗြိတိန်အစိုးရကတော့ ရွှေ့ပြောင်းအခြေချမှုနှုန်းကို လျှော့ချဖို့ ရည်ရွယ်ပြီး ခုလိုမျိုး ဗီဇာတွေကို တင်းကြပ်လိုက်တဲ့အတွက် ကုန်ကျစရိတ် ပိုများလာခြင်း၊ လုပ်ထုံး လုပ်နည်းတွေပိုခက်လာခြင်း နဲ့ ပြင်းထန်တဲ့ စစ်ဆေးမှုတွေရင်ဆိုင်လာခြင်း စတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာပါတယ်။ ဒီလို အကျိုးဆက်တွေ ကြာမြင့်လာရင်တော့ ဗြိတိန်အစိုးရဟာ သူ့ရဲ့ ဗီဇာမူဝါဒတွေကို ပြန်လည်ဖြေလျော့ဖို့ စဉ်းစားသုံးသပ်လာနိုင်ပါတယ်။
August 27, 2025, 0930 hrs.
UK healthcare sector is facing a severe staff shortage
A direct result of recent visa policy changes that have led to a significant drop in visas issued to foreign workers. In the year leading up to June 2025, visa issuance for the health sector plummeted by 77%, creating a worrying situation.
The main causes of this decline are the government's suspension of previous support programs, stricter visa policies, and more rigorous screening of employers. The British government's goal is to reduce immigration rates, but this has led to consequences such as higher costs, more difficult procedures, and intensified scrutiny for employers. If these effects persist, the British government may have to reconsider and ease its visa policies & procedures.
Ref: internet
Photo: internet
#Aron
#uk
#healthcare
#visaandtravelguide
https://www.personneltoday.com/hr/year-to-end-june-2025-immigration-figures-home-office/

Comments
Post a Comment