Interim visa နယူးဇီလန်က အလုပ်ဗီဇာသက်တမ်းတိုးမှု မရခင် အလိုအလျောက် ထုတ်ပေးမယ့် ယာယီဗီဇာ

(English text below)

နယူးဇီလန်နိုင်ငံဟာ သူ့နိုင်ငံအတွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ဗီဇာသက်တမ်းတိုးဖို့ လျှောက်ထားတာ မကျခင် အလိုအလျောက် ယာယီဗီဇာ တစ်ခုကို ချပေးသွားမှာပါ၊ ဒီဗီဇာဟာ လျှောက်ထားဖို့မလိုဘဲ အလုပ်လုပ်ခွင့်ရှိသလို ဆက်လက် နေထိုင်ခွင့်လဲ ရှိပါတယ်၊ သက်တမ်းကိုတော့ အများဆုံး ၆ လ အထိ ပေးထားပါတယ်။ Accredited Employer Work Visa (AEWV) အတွက် လျှောက်ထားတဲ့သူတွေဟာ အလုပ်လုပ်ခွင့်ပါတဲ့ Interim visa ကို အလိုအလျောက်ရရှိမှာဖြစ်ပြီး သူတို့ လျှောက်ထားတဲ့ ရာထူးနေရာအတိုင်း ဆက်လက်လုပ်ကိုင်နိုင်ပါတယ်။

ယာယီဗီဇာ ထုတ်ပေးဖို့ဆိုရင် လက်ရှိဗီဇာပါ အလုပ်ရာထူးအတိုင်း ဖြစ်ရမယ်၊ အလုပ်ရှင် အတူတူပဲ ဖြစ်ရမယ်၊ လက်ရှိဗီဇာပါ အလုပ် တည်နေရာအတိုင်း ဖြစ်ရပါမယ်၊ ဆိုလိုတာက သူဌေးပြောင်း၊ အလုပ်ပြောင်းရင် ယာယီဗီဇာမရနိုင်ပါ၊ ဒီဗီဇာ ရဖို့ အတွက် ဗီဇာကြေး ပေးစရာမလို၊ လျှောက်ထားဖို့လည်း မလိုပါဘူး၊ အလုပ်ဗီဇာ သက်တမ်းတိုး ကျလာတဲ့အထိ ယာယီဗီဇာ သက်တမ်း ရှိပါတယ်၊ တကယ်လို့ အလုပ်ဗီဇာ သက်တမ်းတိုးတာကို ငြင်းပယ်ခံရရင်တော့ ၂၁ ရက်အထိသာ သက်တမ်းရှိပါတော့မယ်၊ ဒါဆိုရင် နယူးဇီလန် ပြင်ပကို ထွက်ရင်ထွက်၊ မထွက်ရင် တခြားဗီဇာ ထပ်လျှောက်ရပါမယ်။ ခြုံပြီးပြောရရင် အလုပ်အတွက် ရရှိထားတဲ့ ဗီဇာကို သက်တမ်းတိုးဖို့ လျှောက်ထားနေတုန်း လက်ရှိဗီဇာသက်တမ်းကုန်သွားတဲ့သူတွေအတွက် အလိုအလျောက် ချပေးတဲ့ ယာယီဗီဇာ interim visa ဖြစ်ပါတယ်။

August 27, 2025, 1300 hrs.

Interim visas for employees in New Zealand

New Zealand will automatically grant an interim visa to workers who have applied to extend their work visa while they await a decision on their application. This interim visa is granted automatically, without the need for an application or an application fee. It allows the holder to continue working and living in New Zealand.

The interim visa is valid for up to six months. Those applying for an Accredited Employer Work Visa (AEWV) will automatically receive this interim visa with work rights, allowing them to continue working in their current role.

To be eligible for the interim visa, you must remain in the same job, with the same employer, and in the same location as specified on your current visa. This means that if you change employers or jobs, you will not be granted an interim visa. The visa remains valid until a decision is made on your work visa extension application.

If your work visa extension is declined, the interim visa will only be valid for an additional 21 days. During this time, you must either leave New Zealand or apply for another visa.

In short, the interim visa is an automatic temporary visa for people who have applied to extend their existing work visa and whose current visa expires while their application is being processed.

Ref: internet

Photo: internet

#Aron

#newzealand

#interimvisa 

#visaandtravelguide

https://www.immigration.govt.nz/work/for-employers/hiring-people-from-overseas/interim-visas-for-employees/



Comments

Popular posts from this blog