H-1B visa ကို ခေတ္တရပ်ဆိုင်းဖို့ အချိန်ရောက်ပြီလား

(English text below)

အမေရိကန်အထက်လွှတ်တော်အမတ် မိုက်ခ်လီး ဟာ Walmart ရဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး H-1B Visa တွေကို ရပ်ဆိုင်းထားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်၊ ဘာကြောင့် ဒီလို ပြောဆိုရသလဲ ဆိုရင် Walmart ကုမ္ပဏီဟာ အမေရိကန် ဝန်ထမ်းတွေကို အလုပ်ထုတ်ပြီး H-1B visa ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေ အစားထိုးခန့်အပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖြစ်ပါတယ်။
H-1B visa
ဟာ အမေရိကမှာ လုံလောက်တဲ့ကျွမ်းကျင်လုပ်သားတွေ မရှိမှသာ နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာဖြစ်ပေမယ့် လက်တွေ့မှာတော့ အမေရိကန် ဝန်ထမ်းတွေကို အလုပ်ထုတ်ပြီး ဈေးသက်သာတဲ့ နိုင်ငံခြားသားတွေ အစားထိုးဖို့ အသုံးချနေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်၊ Walmart ကတော့ ဒီလိုစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူတို့အနေနဲ့ အမေရိကန် ဝန်ထမ်း အနည်းစုကိုသာ အလုပ်ထုတ်ခဲ့တာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးပါတယ်။
လက်ရှိမှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ H-1B visa အားလုံးရဲ့ ၇၂% ကျော်ရှိနေပြီး တရုတ်နိုင်ငံသားတွေကတော့ ၁၂% နဲ့ ဒုတိယ လိုက်နေပါတယ်။ အမေရိကားအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သား လိုအပ်ချက်တွေ ရှိမြဲမို့ ဒီ H-1B visa ကို အပြီးတိုင်ဖျက်သိမ်းဖို့အထိ မဖြစ်နိုင်ဘဲ ခေတ္တရပ်ဆိုင်းထားတာက ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်။

August 28, 2025, 0900 hrs.

Is it time to temporarily suspend the H-1B visa?

U.S. Senator Mike Lee has called for a suspension of H-1B visas considering the controversy surrounding Walmart. This is due to allegations that Walmart tried to fire American employees and replace them with foreign workers holding H-1B visas.

The H-1B visa is intended for hiring foreign skilled workers only when there is a lack of qualified American workers. However, he alleges that it is being used to lay off American employees and replace them with less expensive foreign workers. Walmart has denied these allegations, stating that they only laid off a small number of American employees.

Currently, Indian nationals hold over 72% of all H-1B visas, with Chinese nationals in second place at 12%. Since the U.S. still has a need for skilled workers in specific fields, it is more likely that the H-1B visa will be temporarily suspended rather than permanently canceled.


Ref: internet

Photo: internet

#Aron

#usa

#h1bvisa

#suspend

#visaandtravelguide

https://www.financialexpress.com/world-news/us-news/time-to-pause-h-1b-visas-us-senator-mike-lee-makes-a-pitch-after-walmart-controversy/3957523/



Comments

Popular posts from this blog