Business Manager ဂျပန် Business Manager visa အတွက် စည်းကမ်းချက်များ တင်းကြပ်မည်

(English text below)

ဂျပန်နိုင်ငံဟာ သူ့နိုင်ငံမှာ ရင်းနှီးမြုပ်နှံလိုသူတွေကို ဖိတ်ခေါ်ဖို့ ရည်ရွယ်ပြီး Business Manager Visa အမျိုးအစားကို မိတ်ဆက် ခဲ့တာ ကြာပါပြီ၊ အနည်းဆုံး ရင်းနှီးမြုပ်နှံရမယ့် ပမာဏက ယန်း ၅ သန်း (အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၃၄၀၀၀ ခန့်) သတ်မှတ် ထားတာမို့ ကုန်ကျစရိတ် အနည်းငယ်နဲ့ ဂျပန်မှာ အခြေချဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်၊ ဒါကို အလွဲသုံးစား လုပ်ပြီး အတုအယောင် ကုမ္ပဏီတွေနဲ့ ဗီဇာ လျှောက်ထားမှုတွေ မြင့်တက်လာလို့ စည်းကမ်းတင်းကြပ်တဲ့အနေနဲ့ အနည်းဆုံး ရင်းနှီး မြုပ်နှံရမယ့် ပမာဏကို အောက်တိုဘာလက စပြီး ယန်း သန်း ၃၀ အထိ မြှင့်တင်သွားမယ့် အပြင် ဂျပန်အစိုးရဖက်က စီမံခန့်ခွဲမှု ဆိုင်ရာ အတိုင်ပင်ခံ တစ်ဦး ကလည်း ဗီဇာလျှောက်ထားသူရဲ့ ရင်းနှီးမြုပ်နှံမှု Business plan ကို အကဲဖြတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်မှာ Business Manager visa ကိုင်ဆောင်သူ ၄ သောင်းကျော်ရှိပြီး တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီးတော့ နီပေါ၊ တောင်ကိုးရီးယား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့ အစဉ်လိုက်ရှိနေကြပါတယ်။

August 28, 2025, 1300 hrs.

Japan to Tighten Rules for Business Manager Visa

For a long time, Japan has had a Business Manager Visa category to attract investors. It was seen as an easy way to settle in Japan at a low cost, as it only required a minimum investment of ¥5 million (approximately $34,000 USD).

However, due to a rise in fraudulent visa applications using fake companies, the government is tightening the rules. Starting in October, they will increase the minimum investment to ¥30 million and require that a management consultant from the Japanese government evaluate the applicant's business plan.

Currently, there are over 40,000 Business Manager visa holders in Japan. Over half of them are Chinese nationals, followed by Nepal, South Koreans, Vietnamese, and Pakistanis.


Ref: internet

Photo: internet

#Aron

#Japan

#businessmanagervisa

#visaandtravelguide



Comments

Popular posts from this blog