UK ထရန့်၏ ဗီဇာတင်းကြပ်မှုကြောင့် နိုင်ငံတကာ ကျောင်းသားများ ယူကေသို့ ခြေဦးလှည့်လာ
(English text below)
ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာကျောင်းသားတစ်သန်းကျော်သည် အမေရိကား၌ ပညာသင်ကြားခဲ့ကြပြီး အမေရိကန် စီးပွားရေး အတွက် ဒေါ်လာ ၄၃ ဘီလီယံပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း သမ္မတထရန့်က ကျောင်းသားများအတွက် ထုတ်ပေးသည့် F-1 Visa ကို တင်းကြပ်မှုများ ပြုလုပ်လာခြင်းကြောင့် တက္ကသိုလ်နှင့် ကောလိပ်များတွင် နိုင်ငံတကာ ကျောင်းသားဦးရေ သိသိသာသာ ကျဆင်းလာခဲ့သည်။ ကျောင်းသား ဗီဇာ အင်တာဗျူး လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခြင်း၊ ဗီဇာလုပ်ငန်းစဉ် ပြုပြင် ပြောင်းလဲခြင်း နှင့် စိစစ်ရေး စနစ်ကို ပိုမို တင်းကျပ်လာခြင်း တို့အပြင် Social media များကို စိစစ်ခြင်းတို့က ကျောင်းသား ဗီဇာ အရေအတွက်ကို ဆက်လက် ကျဆင်းလာစေသည်။ ပညာရေးဆိုင်ရာ သူလျှိုလုပ်မှု၊ ဂါဇာရှိ အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံမှု စသည့် စွပ်စွဲချက်များဖြင့် ကျောင်းသား ၆ ထောင်ကျော်၏ ဗီဇာကို ရုပ်သိမ်းခဲ့ခြင်းက လည်း အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။
ကျောင်းသား ဗီဇာရရှိခဲ့သူအများစုမှာလည်း Orientation ရက်မတိုင်မီ တစ်ပတ်ခန့်အလိုမှသာ ရရှိခဲ့ခြင်း ဖြစ်ပြီး ကျောင်းဝင်ခွင့် မတိုင်မီ အချိန်မီ ဗီဇာရက်ချိန်း မရရှိခြင်း သို့မဟုတ် ဗီဇာငြင်းပယ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရမှုက ယူကေသို့ ပြောင်းရွှေ့ ပညာ သင်ကြားရန် တွန်းအား ဖြစ်စေခဲ့သည်။ ယခု အမေရိကန်၏ ဆောင်းဦးပေါက်ရာသီတွင် နိုင်ငံတကာကျောင်းသားသစ် တစ်သိန်းခွဲခန့် ကျဆင်းမည် ဟု မျှော်မှန်းထားပြီး ထိုအတွက် ဒေါ်လာ ၇ ဘီလီယံ နှင့် အလုပ်အကိုင်နေရာပေါင်း ၆သောင်းကျော် ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။
August 29, 2025, 0930 hrs.
Trump's visa restrictions: international students are turning to the UK
Last year, over a million international students studied in the U.S., contributing $43 billion to the American economy. However, due to President Trump's tightening of the F-1 student visa, the number of international students at universities and colleges has significantly dropped. The temporary suspension of student visa interviews, changes in visa processing, and a more rigorous screening system, including social media checks, have continued to decrease the number of student visas. The situation was made worse by the revocation of over 6,000 student visas based on allegations of educational espionage and supporting terrorist organizations in Gaza.
Many students who did get their visas received them just a week before their orientation, while others were unable to get timely visa appointments or had their visas denied. These issues have prompted them to move their studies to the UK. It is estimated that the U.S. will see a drop of around 150,000 new international students this fall semester, resulting in an estimated loss of $7 billion and over 60,000 jobs.
Ref: internet
Photo: internet
#Aron
#USA
#UK
#restriction
#visaandtravelguide
https://www.npr.org/2025/08/27/nx-s1-5498669/trump-college-international-student-visa

Comments
Post a Comment