Parent Boost မိဘများအတွက် နယူးဇီလန်ရဲ့ ရေရှည်လာရောက်လည်ပတ်ခွင့် ဗီဇာအသစ်

(English text below)

နယူးဇီလန်မှာ အမြဲတမ်းနေထိုင်ခွင့် ရပြီးတဲ့သူတွေအတွက် မိဘတွေကို ခေါ်ယူနိုင်မယ့် Parent boost visitor visa အသစ် တစ်မျိုးကို နယူးဇီလန်အစိုးရက မိတ်ဆက်ခဲ့ပါတယ်၊ ဒီဗီဇာနဲ့ဆိုရင် မိဘတွေအနေနဲ့ ၁၀ နှစ်အထိ နေထိုင်ခွင့်ရှိပေမယ့် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားလို့ မရပါဘူး။

Parent boost visitor visa အသစ်ကို စက်တင်ဘာ ၂၉ မှာ စတင် ထုတ်ပေးမှာ ဖြစ်ပြီး ပထမဆုံးအနေနဲ့ ၅ နှစ်အထိ နေထိုင်ခွင့် ရမှာ ဖြစ်ပြီးတော့ နောက်ထပ် ၅ နှစ်ကို သက်တမ်းတိုးပြီး နေနိုင်ပါတယ်၊ နောက်ထပ် ကောင်းတာတစ်ခုကတော့ အကြိမ်ကြိမ် ဝင်ထွက်ခွင့် multi entry လည်း ရမှာပါ၊ သတ်မှတ်ချက်တွေကတော့ ကျန်းမာရေးနဲ့ ပြစ်မှုကင်းရှင်းကြောင်း နယူးဇီလန် အစိုးရ ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရပါမယ်၊ ခေါ်ယူမယ့် သားသမီးကလည်း ဝင်ငွေကောင်းကြောင်း ပြနိုင်ရပါမယ်၊ ဒါ့အပြင် သက်တမ်း ရှိနေတဲ့ နယူးဇီလန် ကျန်းမာရေးအာမခံ ဝယ်ယူထားရပါမယ်။ ခြုံပြီး ပြောရရင် ဒီဗီဇာဟာ နယူးဇီလန်မှာ အမြဲတမ်းနေထိုင်ခွင့် ရထားတဲ့ သားသမီးတွေရှိနေတဲ့ မိဘတွေအတွက်တော့ တော်တော်လေးကို အဆင်ပြေတဲ့ ဗီဇာပါပဲ။

August 29, 2025, 1300 hrs.

New Zealand's New Long-Stay Visitor Visa for Parents

The New Zealand government has introduced a new Parent Boost Visitor Visa, which allows permanent residents to bring their parents to the country. With this visa, parents can stay for up to 10 years, though it does not provide a path way to permanent residency.

The new Parent Boost Visitor Visa will be available starting on September 29. Initially, parents will be granted a 5-year stay, with the option to renew for another 5 years. Another benefit is that it is a multiple-entry visa.

To be eligible, parents must meet New Zealand's health and moral requirements. The sponsoring adults must also show proof of a good income. Additionally, applicants must have valid New Zealand health insurance.

Overall, this is a very convenient visa for parents who have adults with permanent residency in New Zealand.


Ref: internet

Photo: internet

#Aron

#Newzealand

#Parentboostvisitorvisa 

#visaandtravelguide

https://www.envoyglobal.com/news-alert/new-zealand-parent-boost-visitor-visa-opens-29-september-2025/



Comments

Popular posts from this blog