Kuwait

E-Visa စနစ် ကျင့်သုံးနေပြီ ဖြစ်တဲ့ ကူဝိတ်

(English text below)

ကူဝိတ် နိုင်ငံဟာ နိုင်ငံပေါင်း ၅၀ ကျော်က ခရီးသွားတွေအတွက် သံရုံးတွေကို လူကိုယ်တိုင် သွားရောက်စရာမလိုပဲ ဗီဇာ လျှောက်ထားလို့ ရအောင် e-Visa စနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်၊ ဒီအပြောင်းအလဲဟာ ကူဝိတ်ရဲ့ Vision 2035 လို့ ခေါ်တဲ့ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံသားတွေနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများမှာ နေထိုင်သူတွေအနေနဲ့ eVisa လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုဗီဇာ အမျိုးအစားတွေကို လျှောက်ထားနိုင်မလဲ ဆိုတာကတော့ Tourist visa, Family visa, Business visa & Official visa တွေဖြစ်ပြီး အမြန်ဆုံး မိနစ်ပိုင်းအတွင်း အကြာဆုံး ၂ ရက်အတွင်း ဗီဇာကို လျှောက်ထားသူရဲ့ အီးမေးလ်ဆီ ပို့ပေးပါလိမ့်မယ်။ နိုင်ငံပေါင်း ၅၀ ကျော် စာရင်းထဲမှာ ကမ္ဘောဒီးယားနဲ့ လာအိုလို နိုင်ငံလေးတွေ ပါပေမယ့် မြန်မာကတော့ ထုံးစံအတိုင်း ကျန်ရစ်နေပါတယ်၊ အကယ်၍ သင်ဟာ ကူဝိတ်ကို ဗီဇာလျှောက်ချင်ရင်တော့ ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ ကူဝိတ် သံရုံးကို လူကိုယ်တိုင် သွားရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

August 6, 2025, 08:30 am

Kuwait introduces new e-Visa

Kuwait has started to implement an e-Visa system, allowing travelers from over 50 countries to apply for a visa without needing to visit an embassy in person. This change is part of Kuwait's "Vision 2035" digital transformation plan. Citizens of more than 50 designated countries and residents of Gulf Cooperation Council (GCC) member states are eligible to apply for the eVisa.

The visa categories available for application are the Tourist visa, Family visa, Business visa, and Official visa. The visa is typically approved and sent to the applicant's email address within minutes, or at most, within two days.

Although the list of over 50 countries includes nations like Cambodia and Laos, Myanmar is not on the list. Therefore, if you are a citizen of Myanmar and wish to apply for a visa to Kuwait, you will need to apply in person at the Kuwaiti embassy located in Shwegondaing, Yangon.



Ref: internet

Photo: internet

#Aron

#kuwait

#evisa

#visaandtravelguide

https://timesofindia.indiatimes.com/life-style/travel/news/kuwait-introduces-new-e-visa-for-four-visa-categories-no-embassy-visit-needed/articleshow/123064106.cms



Comments

Popular posts from this blog