Type of visas
စုံလင်တဲ့ ဗီဇာအမျိုးအစားများ
(English text below)
လူတွေဟာ ခရီးသွားဖို့၊ အလုပ်လုပ်ဖို့၊ ပညာသင်ကြားဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကိုယ်နဲ့အဆင်ပြေသင့်တော်ရာ နိုင်ငံတွေကို သွားရောက်လေ့ရှိပါတယ်၊ နိုင်ငံတစ်ခုနဲ့တစ်ခု ဗီဇာအမျိုးအစား နာမည်တွေ မတူညီနိုင်ပေမယ့် အဓိကအားဖြင့် အသုံးများတဲ့ ဗီဇာ အမျိုးအစားတွေကို ဖော်ပြလိုပါတယ်။
ခရီးသွားဗီဇာ (Tourist Visa)
ဒါက အသုံးအများဆုံး ဗီဇာအမျိုးအစားဖြစ်ပြီး ခရီးသွားလာဖို့၊ အပန်းဖြေဖို့အတွက် ရည်ရွယ်ပါတယ်။ ရေတိုအတွက်သာ ခွင့်ပြုပြီး အလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး။ ဗီဇာသက်တမ်းကလည်း ရက်အနည်းငယ်ကနေ လအနည်းငယ်အထိ နိုင်ငံအလိုက် ကွာခြား နိုင်ပါတယ်။
စီးပွားရေးဗီဇာ (Business Visa)
စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရည်ရွယ်ပြီး အစည်းအဝေးတက်ရောက်တာ၊ စာချုပ်ချုပ်ဆိုတာ၊ ကွန်ဖရင့်တွေ တက်တာမျိုးတွေအတွက် အသုံးပြုပါတယ်။ ခရီးသွားဗီဇာလိုပဲ အချိန်တိုအတွင်းမှာသာ နေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်မရှိပါဘူး။
ကျောင်းသားဗီဇာ (Student Visa)
ပြည်ပနိုင်ငံတစ်ခုမှာ ပညာသင်ကြားဖို့အတွက် လိုအပ်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ဒီဗီဇာကို လျှောက်ထားဖို့အတွက် တက္ကသိုလ် ဒါမှမဟုတ် ကျောင်းတစ်ခုခုက လက်ခံကြောင်း အထောက်အထားစာတွေ အပြင် နိုင်ငံအလိုက် လိုအပ်ချက်တွေ ကွဲပြားပါတယ်၊ တချို့နိုင်ငံတွေမှာ ကျောင်းသားဗီဇာနဲ့ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရတတ်ပါတယ်။
အလုပ်ဗီဇာ (Work Visa)
နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ဖို့အတွက် အလုပ်ရှင်တစ်ဦးဦးကနေ ကမကထပြုပေးတဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ဒီအတွက် အလုပ်ခန့်စာ၊ ကုမ္ပဏီရဲ့ အထောက်အထားတွေ လိုအပ်ပြီး ဗီဇာသက်တမ်းကလည်း အလုပ်စာချုပ်သက်တမ်းပေါ် မူတည်ပါတယ်။
Transit Visa
ခရီးသွားလာရင်းနဲ့ လမ်းခရီးမှာ တခြားနိုင်ငံတစ်ခုမှာ ခေတ္တခဏ ရပ်နားဖို့အတွက် လိုအပ်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။ များသောအားဖြင့် ရက်အနည်းငယ်သာ ခွင့်ပြုပါတယ်။ တချို့နိုင်ငံတွေက ၂၄ နာရီအတွင်း ထရန်စစ်လုပ်မယ်ဆိုရင် ဗီဇာ မလိုပေမယ့် ၂၄ နာရီထက်ကျော်မယ်ဆိုရင် ထရန်စစ်ဗီဇာ လျှောက်ထားဖို့လိုအပ်ပါတယ်။
ဒါတွေက အသုံးအများဆုံးသော ဗီဇာအမျိုးအစားတွေ ဖြစ်ပါတယ်။
အခြားအရေးကြီးတဲ့ ဗီဇာအမျိုးအစားများ
လေ့လာရေးဗီဇာ (Exchange Visitor Visa) - အပြန်အလှန်ဖလှယ်ရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်တွေမှာ ပါဝင်ဖို့ ဖြစ်ပါတယ်။ (ဥပမာ- J-1 Visa, F-1 Visa)
မိသားစုဗီဇာ (Family Visa) - နိုင်ငံသားတစ်ဦး ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရထားသူရဲ့ မိသားစုဝင်တွေ လိုက်ပါ နေထိုင်ဖို့ အတွက် ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူဗီဇာ (Immigrant Visa) - နိုင်ငံတစ်ခုမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့အတွက် လျှောက်ထားရတဲ့ ဗီဇာ အမျိုးအစားပါ။
လူကြီးမင်းအတွက် ဘယ်လိုဗီဇာ အမျိုးအစားက အသင့်တော်ဆုံးလို့ ထင်ပါသလဲ။
August 7, 2025, 12:30 pm
The most common visa types
People travel to different countries for various reasons such as tourism, work, migration or education. While the names of visa types may vary from country to country, here are the most used ones.
Tourist Visa This is the most common type of visa, intended for travel and recreation. It's usually granted for a short duration, and holders are not permitted to work. The validity period can range from a few days to several months, depending on the country.
Business Visa - This visa is for business-related purposes like attending meetings, signing contracts, or participating in conferences. Like a tourist visa, it allows for a short stay and does not grant the right to work.
Student Visa - A student visa is required for those who wish to pursue their education in a foreign country. To apply for this visa, you'll need documents proving your acceptance letter to a university or school, along with other country-specific requirements. In some countries, student visa holders may be allowed to work part-time.
Work Visa - This visa is sponsored by an employer and is necessary for working abroad. It requires an employment letter and company documents, and the visa's duration is typically tied to the length of the employment contract.
Transit Visa - This visa is needed for a temporary stopover in another country while traveling. It is usually valid for just a few days. While some countries allow transit without a visa for layovers under 24 hours, you will need a transit visa if your stay exceeds that time.
These are the most common visa types.
Exchange Visitor Visa - This is for participating in exchange and cultural programs.
Family Visa - This allows family members of a citizen or permanent resident to join them in the country.
Immigrant Visa - This type of visa is for those who wish to become permanent residents of a country.
Which type of visa do you think is the most suitable for you?
Ref: internet
Photo: internet
#Aron
#typesofvisa
#visaandtravelguide
Comments
Post a Comment