Tomorrowland 

ဘန်ကောက်မှာ ကမ္ဘာကျော် "Tomorrowland" ဂီတပွဲတော် ကို ၂၀၂၆ ကနေ ၂၀၃၀ အထိ ကျင်းပသွားမယ်

(English text below)

ထိုင်းအစိုးရဟာ နိုင်ငံရဲ့စီးပွားရေးကို မြှင့်တင်ဖို့နဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေဖို့ ရည်ရွယ်ပြီး ပရိတ်သတ် ထောင်ပေါင်းများစွာ တက်ရောက်တဲ့ ကမ္ဘာကျော် "Tomorrowland" ဂီတပွဲတော် ကို ၂၀၂၆ ကနေ ၂၀၃၀ အထိနှစ်စဉ်ကျင်းပဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Tomorrowland ဂီတပွဲတော်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အထင်ရှားဆုံး ဂီတပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ခမ်းနားတဲ့ ဇာတ်စင်ဒီဇိုင်းတွေနဲ့ ဂီတပွဲတော်လောကမှာ ထိပ်တန်းနေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ TAT ဟာ ဒီအစီအစဉ်အတွက် Tomorrowland International (TLI) သို့မဟုတ် ပြည်တွင်း မိတ်ဖက်ဖြစ်တဲ့ We Are One. World (Thailand) Company Limited ကို ဦးဆောင်အဖွဲ့အနေနဲ့ ထားပြီး ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ၂၀၂၆-၂၀၃၀ ကာလအတွင်းမှာ Tomorrowland Festival ကို လူ ၉ သိန်းကျော် လာရောက်မယ် လို့ ခန့်မှန်းထားပြီး လက်မှတ်ရောင်းရငွေတွေ၊ စပွန်စာပေးတဲ့ငွေတွေနဲ့ အစားအသောက် ရောင်းချမှုတို့ကနေ ဝင်ငွေ ဘတ် ၁၂ ဘီလီယံကျော် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုရှယ်မီဒီယာမှာ Follower ပေါင်း ၅.၅ သန်းကျော်ရှိတဲ့ Tomorrowland ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းကနေ ထိုင်းနိုင်ငံကို ကမ္ဘာ့ဂီတပွဲတော်များအတွက် အဓိကနေရာတစ်ခုအဖြစ် ရပ်တည်နိုင်မယ်လို့လည်း ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်၊ အနာဂတ်မှာ ထိုင်းနိုင်ငံအတွင်း Tomorrowland Academy ကို တည်ထောင်နိုင်ဖို့ကိုလည်း ရည်ရွယ် ထားတာမို့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ် တစ်ခုပဲ ဖြစ်ပါတယ်။

August 7, 2025, 08:30 am

Thailand to Host World-Renowned 'Tomorrowland' Festival from 2026-2030

The Thai government has officially approved a plan to host the world-famous "Tomorrowland" music festival annually from 2026 to 2030. The decision aims to boost the nation's economy and enhance its tourism sector.

The Tourism Authority of Thailand (TAT) has been designated as the lead agency to collaborate on the project with Tomorrowland International (TLI) or its local partner, We Are One.World (Thailand) Company Limited.

Over the 2026-2030 period, the Tomorrowland Festival is projected to attract over 900,000 attendees and generate more than 12 billion baht in revenue from ticket sales, sponsorships, and food and beverage sales.

With a social media following of over 5.5 million, hosting Tomorrowland is expected to establish Thailand as a major destination for global music festivals. The Thai government also has a long-term vision to potentially establish a "Tomorrowland Academy" in the country, making this a very ambitious initiative.



Ref: internet

Photo: internet

#Aron

#thailand

#tomorrowland

#visaandtravelguide



Comments

Popular posts from this blog