Aviation Industry
UK's 2025 Skilled Worker Visa's Impact on the Aviation Industry
The Skilled Worker Visa is a type of visa required to work in the UK. This visa is for skilled professionals in various fields such as technology, engineering, and medicine. Previously, applicants did not need a degree, but the new regulations have raised the minimum skill level, requiring a bachelor's degree.
Under the new rules, there is a Temporary Shortage List (TSL). While jobs on this list are eligible for visa applications, those not on the list are now much more difficult to apply for. Positions like cabin crew and ground maintenance staff are not included on the TSL, making it challenging for these skilled workers to apply for visas. Existing workers in jobs not on TSL can still renew their visas but are no longer allowed to bring family members.
Additionally, the minimum salary requirement has been increased from £38,700 to £41,700, and other requirements have also been raised. Previously, individuals could apply for Indefinite Leave to Remain (ILR) after five years of continuous residence, but this period has now been extended to 10 years.
Due to these new visa regulations and requirements, the UK's aviation sector is likely to face a shortage of skilled workers.
ယူကေရဲ့ ၂၀၂၅ ကျွမ်းကျင်လုပ်သားဗီဇာသတ်မှတ်ချက် လေကြောင်းလုပ်ငန်းအပေါ် သက်ရောက်မှု
Skilled Worker Visa ဆိုတဲ့ ကျွမ်းကျင်လုပ်သားဗီဇာ ဆိုတာက ယူကေမှာ လုပ်ငန်းခွင် ဝင်ရောက်ဖို့အတွက် လျှောက်ထားရတဲ့ ဗီဇာ တစ်မျိုးပဲ ဖြစ်ပါတယ်၊ ကျွမ်းကျင်လုပ်သားဆိုရာမှာ နည်းပညာ၊ အင်ဂျင်နီယာ၊ ဆေးပညာ စသဖြင့် နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို ခေါ်တာဖြစ်ပြီး ယခင်ကဆိုရင် ဘွဲ့မရလဲ လျှောက်ထားနိုင်ပေမယ့် ခုစည်းမျဉ်းအသစ်မှာတော့ ဘွဲ့ရ ဖြစ်ရမယ် လို့ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
သူ့ရဲ့စည်းမျဉ်းအသစ်မှာ Temporary Shortage List - TSI ဆိုတဲ့ ယာယီရှားပါးပြတ်လပ်မှုစာရင်း ဆိုတာ ရှိပြီး အဲဒီစာရင်းထဲ ပါတဲ့ အလုပ်အကိုင်တွေကို ဗီဇာလျှောက်ထားနိုင်ပေမယ့် မပါရင်တော့ လျှောက်ဖို့ မလွယ်ကူတော့ပါဘူး၊ Cabin Crew ဆိုတဲ့ လေယာဉ် အမှုထမ်းတွေ၊ မြေပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေကို TSI စာရင်းထဲမှာ ထည့်မသွင်းထားတာကြောင့် Cabin Crew ကျွမ်းကျင် လုပ်သားတွေ ဗီဇာလျှောက်ထားဖို့ မလွယ်တော့ပါဘူး၊ TSI စာရင်းထဲမှာ မပါတဲ့ အလုပ်တွေကို လုပ်ကိုင်နေတဲ့ အရင် လူဟောင်း တွေ အနေနဲ့ ဗီဇာသက်တမ်းတိုးလို့ ရပေမယ့် မိသားစုဝင်တွေကို ခေါ်လို့ မရတော့ပါဘူး၊ ဒါ့အပြင် လစာအနိမ့်ဆုံး သတ်မှတ်ချက် ကိုလည်း ပေါင် ၃၈၇၀၀ ကနေ ၄၁၇၀၀ အထိ တိုးမြှင့်လိုက်ပြီး တခြား သတ်မှတ်ချက်တွေကိုလည်း မြှင့်လိုက်ပါတယ်၊ အရင်က ဆိုရင် ၅ နှစ်ဆက်တိုက် နေပြီးရင် အမြဲတမ်းနေထိုင်ခွင့် ILR လျှောက်ထား နိုင်ပေမယ့် ခုတော့ ၁၀ နှစ် လို့ သတ်မှတ်လိုက်ပါပြီ။
ယူကေရဲ့ ဗီဇာစည်းမျဉ်းအသစ်တွေ သတ်မှတ်ချက်တွေကြောင့် လေကြောင်းကဏ္ဍမှာ ကျွမ်းကျင်လုပ်သား ရှားပါး ပြတ်လပ်မှု တွေ ရင်ဆိုင်ရလာဖွယ် ရှိနေပါတယ်။
September 23, 2025, 0900hrs
Ref: internet
Photo: internet
#Aron
#visaandtravelguide
#uk
#aviation
#skilledworkers
https://www.fragomen.com/insights/skilled-worker-visa-2025-impact-on-uk-aviation-roles.html

Comments
Post a Comment