B-2 Visa
အမေရိကန် B-2 အလည်အပတ်ဗီဇာ ငြင်းပယ်ခံရခြင်း
(English text below)
အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားက အမေရိကန်ကောင်စစ်ဝန်ရုံးမှာ B-2 အလည်အပတ်ဗီဇာ လျှောက်ထားသူတစ်ဦးဟာ သူ့ရဲ့ ဗီဇာငြင်းပယ်ခံရမှုနဲ့ ပတ်သက်ပြီး အင်တာနက်ဖိုရမ်တစ်ခုဖြစ်တဲ့ Reddit မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဝါရှင်တန်၊ ဆီယက်တဲလ်မြို့မှာ နေထိုင်တဲ့ သူ့ရဲ့အစ်ကိုဆီက ဖိတ်ကြားစာအပါအဝင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံလင်စွာ တင်ပြခဲ့ပေမယ့် ဗီဇာအရာရှိက ဘယ်စာရွက်စာတမ်းကိုမှ စစ်ဆေးခြင်းမပြုဘဲ ဗီဇာကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ဝင်ခွင့် ဗီဇာဟာ အနောက်ဥရောပနိုင်ငံများအတွက် မခဲယဉ်းသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ လျှောက်ထားသူ များ အတွက် လွန်စွာခက်ခဲပါတယ်။ ၂၀၂၄ ခုနှစ် သမ္မတ ထရန့် တက်လာပြီးတဲ့ နောက်ပိုင်း အမေရိကားရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ တင်းကြပ်လာခဲ့ပြီး ဗီဇာ ရဖို့ ပိုခက်လာပါတယ်။
အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ 214(b) အရ B2 ဗီဇာလျှောက်ထားသူတိုင်းဟာ နေရပ်ပြန်မယ့်ရည်ရွယ်ချက် မရှိဘူးဆိုတာကို သက်သေပြနိုင်ခြင်းမရှိသရွေ့ စာရွက်စာတမ်းတွေကို စစ်ဆေးစရာမလိုဘဲ ငြင်းပယ်နိုင်ပါတယ်။ ဒါကြောင့် ဗီဇာ မပေးတာ ငြင်းပယ်တာကို ကွန်ပလိန်း တက်လို့ မရပါဘူး။ ဒီလိုအငြင်းခံရရင် အယူခံဝင်လို့မရပေမယ့် ထပ်မံ လျှောက်ထား နိုင်ပါတယ်၊ နောက်တစ်ကြိမ် ထပ်လျှောက်မယ်ဆိုရင်တော့ အလုပ်၊ ပိုင်ဆိုင်မှု၊ မိသားစု၊ ပညာရေး စတာတွေနဲ့ ပတ်သက်တာကို ပိုမိုခိုင်မာအောင် ပြသနိုင်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေ သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင် ဆွေးနွေးဖို့လိုပါတယ်။
Denial of a U.S. B-2 Visitor Visa
An individual applying for a B-2 visa (tourist visa) at the U.S. Consulate in Kolkata, India, recently shared their visa rejection experience on Reddit, an online forum. Despite submitting all required documents, including an invitation letter from their brother in Seattle, Washington, the applicant stated that the visa officer denied the visa without checking any of the documents.
Obtaining a U.S. visa, while less challenging for Western European nations, remains exceptionally difficult for applicants from developing countries. Following President Trump's inauguration in 2024, U.S. immigration policies have become stricter, making visa acquisition more challenging.
Under Section 214(b) of U.S. immigration law, all B-2 visa applicants are presumed to be intending immigrants unless they can prove they have no intention of abandoning their residence abroad. Consequently, a visa can be denied without the officer needing to review documents if this intent isn't established. This means you cannot file a complaint against a visa denial. While appeals aren't permitted, you can reapply. If you choose to reapply, you'll need to demonstrate stronger ties to your home country through evidence related to employment, property, family, or education. It's advisable to consult with an immigration lawyer or expert if needed.
Ref: internet
Photo: internet
#Aron
#usa
#b1b2visa
#visaandtravelguide

Comments
Post a Comment