Charlie Kirk

The Visas of Foreign Nationals Living in The U.S. Who Support The Assassination of Republican Charlie Kirk Could Be Revoked

On September 10, Charlie Kirk, a close ally of President Donald Trump and a right-wing political activist, author, and television host, was assassinated by a gunshot during a speaking engagement at a university in Utah. He was taken to the hospital but later died from his injuries.

Following the assassination, the U.S. State Department issued a warning. The warning stated that foreign nationals should not praise, glorify, or mock Charlie Kirk's assassination online. It specified that anyone found to have done so, regardless of whether they hold an American visa, could have their visa revoked.

The Deputy Secretary of State said that foreigners who support terrorism would not be welcome in the United States. This warning reflects the Trump administration's policy of strictly monitoring foreigners' social media usage. The incident has reignited debates among the American public regarding the right to freedom of speech.

ရီပတ်ဘလစ်ကန် Charlie Kirk လုပ်ကြံခံရမှုကို ထောက်ခံတဲ့ နိင်ငံခြားသား ဘယ်သူမဆို ဗီဇာရုပ်သိမ်းခံရနိုင်တယ်

သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ လက်ယာစွန်းရောက် နိုင်ငံရေးလှုပ်ရှားသူ၊ စာရေးဆရာ နဲ့ ရုပ်သံ အစီအစဉ် တင်ဆက်သူ Charlie Kirk ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ယူတာပြည်နယ် တက္ကသိုလ်တစ်ခုရဲ့ ဟောပြောပွဲမှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

ဒီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်၊ ဒီသတိပေးချက် မှာ Charlie Kirk လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး နိင်ငံခြားသားတွေအနေနဲ့ အွန်လိုင်းမှာ ထောက်ခံတာ၊ ချီးကျူးတာ ဒါမှမဟုတ် သရော်လှောင်ပြောင်တာတွေ မလုပ်ဖို့၊ အကယ်၍ လုပ်ဆောင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် အမေရိကန်ဗီဇာကိုင်ဆောင်ထားတဲ့ မည်သူမဆို ဗီဇာရုပ်သိမ်းခြင်း ခံရနိုင်လို့ ပါရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီးကတော့ အကြမ်းဖက်မှုကို အားပေးထောက်ခံတဲ့ နိုင်ငံခြားသားတွေကို ကြိုဆိုနေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်၊ ဒီသတိပေးချက်ဟာ ထရန့်အစိုးရရဲ့ နိုင်ငံခြားသားတွေအပေါ် ဆိုရှယ်မီဒီယာ အသုံးပြုမှု တင်းတင်း ကြပ်ကြပ် စောင့်ကြည့်ရေးမူဝါဒတွေ ကို ရောင်ပြန်ဟပ်နေပါတယ်၊ ဒီကိစ္စကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်သူတွေ အကြားမှာ ဆွေးနွေးငြင်းခုံမှုတွေ ပြန်လည်ဖြစ်ပေါ်စေပါတယ်။

September 15, 2025, 0900hrs


Ref: internet

Photo: internet

#Aron

#usa

#charliekirk

#freedomofspeech

#visaandtravelguide

https://www.newsweek.com/charlie-kirk-shot-warning-foreign-nationals-trump-administration-2128352



Comments

Popular posts from this blog