Confusing H-1B
Confusing H-1B Visa Regulations
Last Friday, Donald Trump signed an order to impose a $100,000 fee for H-1B visas. This announcement caused a significant ripple effect, leading companies like Google, Meta, and Microsoft to urge all their H-1B visa-holding employees who are currently overseas on business to return to the U.S. immediately. The new regulation was set to take effect on Saturday morning, making it difficult for employees to return right away.
The $100,000 fee is not an annual payment but a one-time fee to be paid upon submission of the application. While the previous annual fee was only $215, the new amount is a staggering $100,000. The new fee will apply to new applications, but current visa holders may also have to pay it upon renewal. This presents a real challenge for small and startup businesses, except for corporations.
Legal experts say that this order is likely to face legal challenges in U.S. courts. They claim that a president cannot issue such an order without Congressional approval, as Congress is the only authority that sets the parameters for work visas. The only power granted to the executive branch by Congress is to charge fees to recover the cost of processing the application. Even U.S. government officials themselves have been giving conflicting statements on this issue, which has contributed to the ongoing confusion. The situation remains unclear, and we will have to wait and see if Congress will overturn the president's order.
ရှုပ်ထွေးနေသော H-1B visa စည်းမျဉ်းများ
ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က H-1B visa တွေအတွက် ဒေါ်လာတစ်သိန်း ကောက်ခံမယ်လို့ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် တော်တော်လေး ဂယက်ရိုက်သွားပြီး Google, Meta, Microsoft ကုမ္ပဏီတွေဟာ သူတို့ရဲ့ H1B visa ကိုင်ဆောင်ထားပြီး အလုပ်ကိစ္စနဲ့ ပြည်ပရောက်နေတဲ့ ဝန်ထမ်းတွေအားလုံးကို အမေရိကား အမြန်ပြန်လာဖို့ အကြောင်းကြားလျက်ရှိပါတယ်။ ဒီစည်းမျဉ်းအသစ်ဟာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ စတင် အသက်ဝင်မှာဖြစ်ပြီး ဝန်ထမ်းတွေ အနေနဲ့ ချက်ချင်း ပြန်လာဖို့ဆိုတာ မလွယ်ပါဘူး။ ဒေါ်လာတစ်သိန်း ဆိုတာ တစ်နှစ်တစ်ခါ ပေးရမှာ မဟုတ်ဘဲ လျှောက်လွှာ တင်ချိန်မှာ တခါတည်း ပေးရမယ့် ငွေပါတဲ့။ အရင်ကတော့ နှစ်စဉ်ကြေး ၂၁၅ ဒေါ်လာသာ ကျသင့်ပေမယ့် ခုတော့ ဒေါ်လာ တစ်သိန်း သွင်းရမှာပါ။ လျှောက်လွှာအသစ်တွေ ကိုသာ သက်ရောက်မှာ ဖြစ်ပေမယ့် လူဟောင်းတွေ သက်တမ်း တိုးချိန်မှာတော့ မဖြစ်မနေ ပေးဆောင် ရမှာ မို့ ကုမ္ပဏီကြီးတွေက လွဲရင် အသေးစားနဲ့ စတင်ခါစ စီးပွားရေး လုပ်ငန်းတွေအတွက် ကတော့ တကယ့် စိန်ခေါ်မှု ပါပဲ။
ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီ အမိန့်ဟာ အမေရိကန်တရားရုံးတွေမှာ စိန်ခေါ်ခံရဖွယ်ရှိနေပြီး ကွန်ဂရက်ရဲ့ ခွင့်ပြုချက် မပါဘဲ သမ္မတတစ်ယောက်တည်း သဘောနဲ့ ထုတ်ပြန်လို့မရဘူးလို့ ဆိုပါတယ်၊ ကွန်ဂရက်က အမေရိကန်အစိုးရအဖွဲ့ကို ပေးထားတဲ့ တစ်ခုတည်းသော အာဏာက ဗီဇာဖိုးတွေ ကောက်ခံဖို့သာ ဖြစ်ပါတယ်တဲ့။ ဒါနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် အမျိုးမျိုး ပြောဆိုနေကြတာမို့ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ သမ္မတရဲ့ အမိန့်ကို ကွန်ဂရက်က ပယ်ဖျက်လား ဆိုတာ စောင့်ကြည့်ရမှာပါ။
September 22, 2025, 1300hrs
Ref: internet
Photo: internet
#Aron
#visaandtravelguide
#h1bvisa
#usa
#regulations
https://edition.cnn.com/2025/09/20/business/h-1b-fee-trump-immigration-workers

Comments
Post a Comment