Controversial $100,000 H-1B Visa

President Donald Trump's Controversial $100,000 H-1B Visa Plan Sparks Uproar

Last Friday, U.S. President Donald Trump signed an order to impose a $100,000 fee on H-1B visas for skilled workers. The news has caused a global uproar, with many warnings that the plan could drive highly skilled workers to other countries.

Global news outlets are filled with articles criticizing Trump's $100,000 fee plan, with most expressing a negative view. Confusion has arisen regarding the proclamation, as U.S. government officials have been issuing conflicting statements. This announcement, which is likely to face legal challenges, is charging a fee roughly 50 times more than the previous rate, so it's understandable that many are unwilling to accept it.

The H-1B visa is issued through a lottery system, but employees from universities and hospitals are exempt from this process. However, under the new system, even those who were previously exempt will have to pay the $100,000 fee. It remains to be seen whether Trump's decision will be effective and if he can overcome the opposition and pushback.

ပွဲဆူနေတဲ့ ဒေါ်နယ်ထရန့်ရဲ့ H-1B visa တွေကို ဒေါ်လာတစ်သိန်းကောက်မယ့်အစီအစဉ်

အမေရိကန် သမ္မတ ထရန့်ဟာ ကျွမ်းကျင်လုပ်သားတွေကိုင်ဆောင်တဲ့ H-1B visa အပေါ် ဒေါ်လာတစ်သိန်း ကောက်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး တကမ္ဘာလုံး ပွက်လောရိုက်နေပြီးတော့ ဒါဟာ ကျွမ်းကျင် လုပ်သားတွေ တခြားနိုင်ငံတွေဆီ ရောက်သွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။

ကမ္ဘာ့သတင်းတွေမှာလဲ ထရန့်ရဲ့ ဒေါ်လာတစ်သိန်းကောက်မယ့် အစီအစဉ်ကို ဝေဖန်နေတဲ့ ဆောင်းပါးတွေ ပလူပျံနေပြီး အဆိုးမြင်တာ ပိုများနေပါတယ်၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း တစ်ယောက်တစ်မျိုး ပြောနေကြတော့ ဒီ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပါတယ်၊ ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်တဲ့ ဒီ ကြေညာ ချက်ဟာ ယခင်က ကောက်ခံနေတဲ့ နှုန်းထက် အဆ ၅၀ လောက် ပိုများနေတော့ လက်သင့်မခံနိုင်ကြတာ သဘာဝပါပဲ။ H-1B visa ဆိုတာက lottery စနစ်နဲ့ မဲနှိုက်ပြီး မဲပေါက်သူတွေကို ဗီဇာထုတ်ပေးရာမှာ တက္ကသိုလ်တွေနဲ့ ဆေးရုံတွေက ဝန်ထမ်းတွေ မပါပါဘူး၊ ဒါပေမယ့် ခုစနစ်သစ်မှာတော့ အဲ့ဒီကင်းလွတ်ခွင့် ရသူတွေလည်း ဒေါ်လာတစ်သိန်း ပေးဆောင်ရမှာပါတဲ့၊ ထရန့်ရဲ့ ဆုံးဖြတ်ချက်ဟာ အလုပ်ဖြစ်နိုင်ပါ့မလား၊ ဆန့်ကျင်ကန့်ကွက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

September 24, 2025, 0930hrs

Ref: internet

Photo: internet

#Aron

#visaandtravelguide

#2025

#h1bvisa

#trump

#fypシ゚viralfypシ゚viralal

https://www.msnbc.com/news/news-analysis/-trump-h-1b-visa-fee-immigration-project-47-newsletter-rcna232917



Comments

Popular posts from this blog