KOREA
ကိုးရီးယား သင်းအုပ်ဆရာရဲ့ သမီးငယ် ဖမ်းဆီးထိန်းသိမ်းခံရ(English text below)
ဇူလိုင် ၃၁ ရက်နေ့တုန်းက အသက် ၂၀ သာရှိသေးတဲ့ Purdue တက္ကသိုလ်ကျောင်းသူ ကိုးရီးယားလူမျိုး အမျိုးသမီးငယ် Yeonsoo Go ဟာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) ရဲ့ ဖမ်းဆီးအရေးယူခြင်းကို ခံခဲ့ရပါတယ်၊ မိခင်ဖြစ်သူဟာ ကိုးရီးယား အင်္ဂလိကန် ဘုရားကျောင်းရဲ့ ပထမဆုံးသော အမျိုးသမီး ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သူမနဲ့အတူ မှီခိုဗီဇာနဲ့ အမေရိကန် ကို လိုက်လာခဲ့တာ ဖြစ်ပါတယ်၊ Go ဟာ ၂၀၂၁ ခုနှစ်မှာ တောင်ကိုရီးယားကနေ R-2 ဗီဇာနဲ့ အမေရိကန်ကို ရောက်ရှိခဲ့သူ လည်း ဖြစ်ပါတယ်။
သူမရဲ့ ဗီဇာဟာ ဒီနှစ်ကုန်အထိ သက်တမ်း ရှိနေတာဖြစ်ကြောင်း သူမရဲ့ ရှေ့နေက ပြောပေမယ့် အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနကတော့ ဗီဇာသက်တမ်းကုန်နေတာ ၂ နှစ်ကျော်ပြီလို့ ပြောနေပါတယ်၊ ဒီလုပ်ရပ်ကြောင့် ဘာသာရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အခွင့်အရေးအဖွဲ့တွေနဲ့ ကိုရီးယား-အမေရိကန်အဖွဲ့အစည်းတွေကြားမှာ ဒေါသထွက်စရာ ဖြစ်နေပါတယ်။
သူမရဲ့ရှေ့နေနဲ့ မိသားစုကတော့ ၂၀၂၃ ခုနှစ်မှာ သူမရဲ့နေထိုင်ခွင့်ကို တရားဝင်တိုးမြှင့်ထားပြီး Purdue တက္ကသိုလ်မှာလည်း တရားဝင်ကျောင်းတက်နေတယ်လို့ ပြောပါတယ်။ Go ဟာ ဗီဇာသက်တမ်းတိုးဖို့အတွက် မင်ဟက်တန် Federal Plaza မှာ ရှိတဲ့ ဗဟိုတရားရုံးက လူဝင်မှုကြီးကြပ်ရေး ရုံးချိန်းကို သွားရောက်ပြီး အပြန်မှာ အဖမ်းခံရတာ ဖြစ်ပါတယ်၊ အောက်တိုဘာလကို ရက်ချိန်းရရှိခဲ့ပေမယ့် အရပ်ဝတ် ICE အေးဂျင့် ၅ ဦးက တရားရုံးအပြင်ဘက်မှာ စောင့်ဆိုင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အမေရိကားကို ရောက်နေတဲ့ ရွှေမြန်မာတွေလည်း အသွားအလာဆင်ခြင်ဖို့ အနေအထိုင် ဂရုစိုက်ဖို့ အရေးကြီးတဲ့ အချိန်ကာလပါ။
Daughter of priest, 20, is arrested by ICE for overstaying her religious visa for two years
Yeonsoo Go, a 20-year-old Korean Purdue University student, was arrested by U.S. Immigration and Customs Enforcement (ICE) on July 31. She had come to the U.S. on an R-2 dependent visa in 2021 with her mother, who is the first female priest of the Anglican Church of Korea.
Go's lawyer states that her visa is valid until the end of this year, but the U.S. Department of Homeland Security claims it expired more than two years ago. This has caused outrage among religious, civil rights, and Korean American organizations.
Her lawyer and family say that her residency was officially extended in 2023, and she is a legal student at Purdue University. Go was arrested on her way back from an immigration hearing at the Federal Plaza in Manhattan, where she was seeking a visa extension. She had received a new court date for October, but five plainclothes ICE agents were waiting outside the courthouse and detained her.
Ref: internet
Photo: Daily Mail
#Aron
#usa
#ice
#detained
#visaandtravelguide

Comments
Post a Comment