e-Visa Malaysia

Applying for a Tourist Visa to Malaysia

Whether you are traveling for business, pleasure, or to visit family and friends in Malaysia, you need to apply for a tourist visa. This visa allows for a maximum stay of 30 days and is valid for a single entry. You can apply at the Malaysian Embassy in Yangon, and e-Visa applications are also now available online.

The required documents are well-known: a passport, a visa application form, a photograph, a round-trip flight ticket, a hotel booking or details of your accommodation, and proof of funds. Regarding the bank statement, it should be for at least three months, and although there's no exact amount specified, you should have a minimum of about 3 million kyats.

I've heard that Myanmar passport holders are facing increasing scrutiny from immigration recently, but I wasn't hassled at the airport because I had an invitation letter, and I am older. The places I've visited are limited to Kuala Lumpur and the island of Kota Kinabalu, so my experience is not very extensive. Since the climate is cool and the place is peaceful, I would love to visit again.

မလေးရှားကို အလည်ဗီဇာ လျှောက်ကြမယ်

မလေးရှားကို အလုပ်ကိစ္စပဲ ဖြစ်ဖြစ် အလည်အပတ်ပဲ ဖြစ်ဖြစ် မိသားစု သူငယ်ချင်းတွေဆီ သွားလည်မယ်ဆိုရင် ခရီးသွား ဗီဇာ လျှောက်ထားဖို့လိုပါတယ်၊ နေထိုင်ခွင့်က အများဆုံး ရက် ၃၀ အထိ ရနိုင်ပြီး တစ်ကြိမ်သာ ဝင်ရောက်ခွင့် ရမှာပါ။ လျှောက်ချင်တယ် ဆိုရင် ရန်ကုန်က မလေးရှားသံရုံးမှာ သွားရောက်လျှောက်ထားနိုင်ပြီး အွန်လိုင်းကနေ e-Visa လည်း လျှောက်ထားလို ရနေပါပြီ။

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ တော်တော်များများသိပြီးဖြစ်တဲ့ ပတ်စ်ပို့ရယ်၊ ဗီဇာလျှောက်လွှာရယ်၊ ဓါတ်ပုံရယ်၊ သွားပြန် လေယာဉ်လက်မှတ် ရယ်၊ ဟိုတယ်ဘွတ်ကင် ဒါမှမဟုတ် ကိုယ်နေထိုင်မယ့် နေရာရဲ့ အချက်အလက်တွေရယ် ရှိုးမန်းနီးရယ် ဒါတွေရှိရင် ရပါပြီနော်၊ bank statement က အနည်းဆုံး ၃ လ ရှိထားဖို့လိုပြီး ပမာဏ အတိအကျကို မဖော်ပြထားပေမယ့် သိန်း ၃၀ လောက် အနည်းဆုံးရှိရပါမယ်။ မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့သူတွေကို ခုနောက်ပိုင်းမှာ လဝက က တော်တော်လေး ရစ်နေတဲ့ သတင်းတွေ ကြားပေမယ့် ကျွန်တော်ကတော့ ဖိတ်ခေါ်စာရှိတာရယ် အသက်ကြီးနေတာရယ်ကြောင့် လေဆိပ်အဝင်မှာ အရစ် မခံရပါဘူး။ သွားခဲ့တဲ့နေရာတွေက ကွာလာလမ်ပူရယ် ကိုတာကီနာဘာလူးဆိုတဲ့ ပင်လယ်ထဲက ကျွန်းကလေးရယ်ပဲ ရှိတော့ သိပ်မစုံဘူးပေါ့ဗျာ။ ရာသီဥတုက အေးမြပြီးတော့ အေးချမ်းတဲ့နေရာလေးမို့ နောက်တစ်ခေါက် အလည်အပတ် သွားချင်မိပါတယ်။

September 23, 2025, 1300hrs

Ref: internet

Photo: internet

#Aron

#visaandtravelguide

#malaysia

#touristvisa

#2025

#fypシ゚viralfypシ゚viralal



Comments

Popular posts from this blog