ZDF 

Head of German Public TV's US Bureau Faces Possible Visa Revocation

The head of German public broadcaster ZDF's Washington bureau, Elmar Theveßen, may be forced to leave the United States after a series of criticisms directed at senior US government officials.

On September 11th, during a debate, Theveßen allegedly disparaged Kirk, who was a victim of an assassination attempt. He reiterated this stance on a ZDF podcast. In the same podcast, Theveßen also criticized the US Homeland Security advisor and used the term "Third Reich." The term "Third Reich," which translates to "Third Empire" in German, is a direct reference to Nazi Party, and its use has caused significant controversy.

Theveßen, who has led ZDF's Washington office since 2019, could have his visa revoked and face deportation from the United States if he is deemed an extremist.

ဂျာမနီနိုင်ငံပိုင် ရုပ်သံလိုင်းရဲ့ အမေရိကန်ရုံး အကြီးအကဲ အမေရိကန်တာဝန်ရှိသူတွေကို ရှုံ့ချလို့ ဗီဇာရုပ်သိမ်းခံရဖွယ်ရှိနေ

ဂျာမနီနိုင်ငံပိုင် ရုပ်သံလိုင်း ZDF ရဲ့ ဝါရှင်တန်ရုံး အကြီးအကဲ ဖြစ်တဲ့ Elmar Theveßen ဟာ အမေရိကန်အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ တွေကို ပြစ်တင်ရှုံ့ချမှု ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် အမေရိကားကနေ ထွက်ခွာရနိုင်ဖွယ် ရှိနေပါတယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ စကားရည်လုပွဲအစီအစဉ်တစ်ရပ်မှာ Theveßen ဟာ လုပ်ကြံခံခဲ့ရတဲ့ Kirk ကို ပုတ်ခတ်ခဲ့ပြီး ZDF Podcast မှာလည်း အဲ့အကြောင်းကို ထပ်ပြောခဲ့ပါသေးတယ်။

အဲဒီ Podcast မှာပဲ Theveßen ဟာ အမေရိကန် ပြည်တွင်းလုံခြုံရေးအကြံပေး ဖြစ်သူကိုလည်း တိုက်ခိုက်ခဲ့ပြီး Third Reich ဆိုတဲ့ အသုံးအနှုန်းကိုပါ ထည့်သွင်း ပြောကြားခဲ့ပါတယ်၊ ဂျာမန် ဘာသာစကားနဲ့ Third Reich ဆိုတာက တတိယ အင်ပါယာ လို့ အဓိပ္ပါယ် ရပြီး နာဇီဂျာမနီကို ရည်ညွန်းတာမို့ အဲ့ဒီ စကားနဲ့ ပတ်သက်ပြီး တော်တော်လေး ပွက်လောရိုက်နေပါတယ်။

အမေရိကားက ZDF ရဲ့ ဝါရှင်တန်ရုံးကို ၂၀၁၉ ခုနှစ်ထဲက ဦးဆောင်လာခဲ့တဲ့ သူဟာ အစွန်းရောက် အဖြစ် သတ်မှတ်ခံခဲ့ရရင်တော့ ဗီဇာရုပ်သိမ်းခံရနိုင်ဖွယ်ရှိနေပြီး အမေရိကန်ကနေ ထွက်ခွာရဖို့ များပါတယ်။

September 17, 2025, 0900hrs


Ref: internet

Photo: internet

#Aron

#germany

#zdf

#nazi 

#thirdreich

#visaandtravelguide

https://brusselssignal.eu/2025/09/german-state-tvs-us-chief-may-lose-visa-over-comments-about-white-house-bigwigs/



Comments

Popular posts from this blog