EPS TOPIK

A special EPS-TOPIK exam for former Korean workers will be held in October

Due to the high wages in modern and developed South Korea, it's a dream for many young people in Myanmar to go and work there. To work in Korea, you need to pass the Korean language proficiency test, EPS-TOPIK, and be selected for dispatch.

A special exam for former workers who want to return to Korea will be held on October 22nd and 24th. The exam schedule will be released on October 13th. Those who wish to take the exam can apply online between September 22nd and 23rd, and the exam fee must be paid on September 24th and 25th. This exam is only for former workers who have worked in Korea for at least 3 years and have returned to Myanmar.

The EPS-TOPIK has two types: General and Special. The General EPS-TOPIK exam is usually held only once or twice a year. It is very difficult to get a chance to take the exam because there are so many applicants. The Special EPS-TOPIK is open when there is a high demand for workers. In this type of exam, there is no limit on the number of applicants, and almost everyone is allowed to take the test, making it easier to pass. Since this exam is opened when there is high demand for workers, the type of work and region are often predetermined.

Former workers who have worked in Korea and want to return but don't want to go through the EPS-TOPIK can apply for other types of visas and then convert to a work visa E9 upon arrival in Korea. Applying from their home country has fewer requirements, but if they apply at a Korean embassy outside of our country, they will need to submit a long-term visa issued by their resident country and a bank statement.

Best of luck to everyone.

ကိုးရီးယားပြန် လူဟောင်းတွေအတွက် Special EPS TOPIK စာမေးပွဲ အောက်တိုဘာမှာ ကျင်းပမယ်

ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ တောင်ကိုးရီးယား နိုင်ငံမှာ လုပ်ခလစာ မြင့်မားတာကြောင့် မြန်မာပြည်က လူငယ်တွေ သွားရောက် လုပ်ကိုင်ဖို့အတွက် အိမ်မက် တစ်ခု ဖြစ်ပါတယ်၊ အလုပ်သွားလုပ်ဖို့ဆိုရင် ကိုးရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ EPS-TOPIK ကို ဖြေဆိုအောင်မြင်ဖို့ လိုသလို စေလွှတ်ခံရဖို့လဲ လိုပါတယ်။ ကိုးရီးယားက ပြန်လာပြီး ပြန်ထွက်လိုတဲ့ အလုပ်သမား လူဟောင်းတွေအတွက် အထူး စာမေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၂ နဲ့ ၂၄ မှာ ကျင်းပ သွားမှာ ဖြစ်ပြီး စာမေးပွဲ အချိန်စာရင်း ကိုတော့ အောက်တိုဘာ ၁၃ မှာ ထုတ်ပြန်ပါလိမ့်မယ်၊ စာမေးပွဲ ဖြေချင်တဲ့သူတွေအနေနဲ့ စက်တင်ဘာ ၂၂-၂၃ ရက်နေ့အတွင်း အွန်လိုင်း က လျှောက်ထားနိုင်ပြီး စာမေးပွဲကြေးကိုတော့ စက်တင်ဘာ ၂၄-၂၅ မှာ ပေးသွင်းရမှာပါ၊ ဒီစာမေးပွဲဟာ ကိုးရီးယားမှာ အနည်းဆုံး ၃ နှစ်ကြာ လုပ်ခဲ့ပြီး မြန်မာပြည်ကို ပြန်လာတဲ့ လူဟောင်းတွေသာ လျှောက်ထားလို့ ရမှာပါ။

EPS-TOPIK ဟာ General နဲ့ Special ဆိုတဲ့ စာမေးပွဲအမျိုးအစား ၂ မျိုးရှိပြီး General EPS-TOPIK စာမေးပွဲကို တစ်နှစ်မှာ ၁ ကြိမ် ကနေ ၂ ကြိမ်အထိသာ ကျင်းပလေ့ရှိပါတယ်၊ ဖြေဆိုလိုတဲ့သူတွေ အရမ်းများပြီး စာမေးပွဲဖြေဆိုခွင့် ရဖို့ အလွန်ခက်ပါတယ်၊ Special EPS-TOPIK ကိုတော့ အလုပ်သမားလိုအပ်ချက်များတဲ့အချိန်တွေမှာ ထပ်မံဖွင့်လှစ်ပေးတတ်ပါတယ်၊ ဒီစာမေးပွဲလိုမျိုး မှာ အရေအတွက် ကန့်သတ်မထားဘဲ အားလုံးနီးပါးဖြေဆိုခွင့် ရလို့ ဖြေဖို့ပိုလွယ်ပါတယ်၊ အလုပ်သမားလိုအပ်ချက်များတဲ့ အချိန်မှာ ဖွင့်တာဖြစ်လို့ အလုပ်အမျိုးအစားနဲ့ ဒေသကို ကြိုတင်သတ်မှတ်ထားလေ့ရှိပါတယ်၊

ကိုးရီးယားမှာ အလုပ်လုပ်ကိုင်ဖူးပြီးတော့ ပြန်သွားလိုတဲ့ လူဟောင်းတွေအနေနဲ့ EPS-TOPIK နဲ့ မဖြတ်သန်းချင်ရင် တခြားဗီဇာ အမျိုးအစား တွေနဲ့ သွားရောက်ပြီး ကိုးရီးယားကို ရောက်မှ အလုပ်ဗီဇာကိုပြောင်းလဲလျှောက်ထားတာ ပိုသင့်တော်ပါလိမ့်မယ်၊ ကိုယ့်နိုင်ငံ ကနေ ကိုယ်လျှောက်တာက လိုအပ်ချက် သိပ်မရှိပေမယ့် နိုင်ငံပြင်ပက ကိုးရီးယားသံရုံးတွေမှာ လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာ ကိုယ်နေထိုင်တဲ့ နိုင်ငံက ထုတ်ပေးထားတဲ့ ရေရှည် နေထိုင်ခွင့် ဗီဇာ long term visa တစ်ခုခုနဲ့ ဘဏ်စာရင်း ရှင်းတမ်း တင်ပြဖို့လိုအပ်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ …..

September 22, 2025, 0900hrs


Ref: Internet

Photo: internet

#Aron

#southkorea

#special

#epstopik

#visaandtravelguide



Comments

Popular posts from this blog