Global Retire
The 10 Best Countries to Retire in the World
As we all grow older day by day, we need to ensure a high quality of life when we eventually retire from work. It's essential to consider factors like a comfortable climate, ease of living, food safety, and overall mental and physical security to find a suitable place to live.
This article will highlight the 10 best countries in the world for retirement. Settling abroad has become increasingly popular for people looking for a new lifestyle and a lower cost of living after they retire. This year, a report from the organization Global Citizen Solutions selected the top 10 best countries for retirement based on six key factors: application process, citizenship and freedom of travel, economics, tax optimization, quality of life, and seamless integration with locals.
Most of the countries chosen are in the Americas and Europe, where the quality of life and healthcare systems are highly rated. According to the report, the number one country for retirement in 2025 is Portugal, followed by Mauritius, Spain, Uruguay, Austria, Italy, Slovenia, Malta, Latvia, and Chile. Although Thailand is also considered a good country for retirees, it was likely excluded from this list due to political instability and issues like bank account closures caused by scams.
ကမ္ဘာပေါ်မှာ အငြိမ်းစားယူဖို့ အကောင်းဆုံး ၁၀ နိုင်ငံ
လူတိုင်းဟာ တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် အသက်ကြီးလာစမြဲပါပဲ၊ အသက်ကြီးလာတဲ့အချိန် အလုပ်က အနားယူ လိုက်တဲ့အချိန်တွေမှာ Quality of life ဆိုတဲ့ ဘဝအရည်အသွေးကို အကောင်းဆုံးရဖို့လိုအပ်ပါတယ်။ ရာသီဥတုက သက်တောင့် သက်သာရှိရဲ့လား၊ နေထိုင်ရတာ အဆင်ပြေရဲ့လား၊ အစားအသောက်က အစ ဘေးကင်းရဲ့လား၊ ကိုယ်စိတ် လုံခြုံစိတ်ချရမှု ရှိရဲ့လား စတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ ကိုယ်နဲ့သင့်တော်ရာမှာ နေထိုင်ဖို့ လိုအပ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကမ္ဘာပေါ်မှာ အငြိမ်းစားယူဖို့အတွက် ရွေးချယ်စရာအကောင်းဆုံး ၁၀ နိုင်ငံကို ဖော်ပြသွားပါ့မယ်၊ အငြိမ်းစား ယူပြီးတဲ့နောက်မှာ ဘဝပုံစံအသစ်နဲ့ နေထိုင်မှုစရိတ်သက်သာချင်တဲ့သူတွေ အကြား နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်မှုက ပိုပြီး ရေပန်းစားလာနေပါတယ်၊ ဒီနှစ်အတွက် Global Citizen Solution ဆိုတဲ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အငြိမ်းစား ယူဖို့ အကောင်းဆုံး ၁၀ နိုင်ငံကို လျှောက်ထားမှုလုပ်ငန်းစဉ်၊ နိုင်ငံသားဖြစ်ခွင့်နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်မှု၊ စီးပွားရေး၊ အခွန် သက်သာမှု၊ ဘဝအရည်အသွေးနဲ့ ဒေသခံတွေနဲ့ အဆင်ပြေချောမွေ့မှု ဒီ အချက် ၆ ချက်ပေါ်မူတည်ပြီး ရွေးချယ်ခဲ့ပါတယ်။
ရွေးချယ်ခံရတဲ့ နိုင်ငံအများစုဟာ အမေရိကနဲ့ ဥရောပတိုက်မှာ ရှိနေတာကို တွေ့ရပါတယ်၊ ဘဝအရည်အသွေးလို့ ခေါ်နေတဲ့ လူနေမှုအဆင့်အတန်း အလွန်မြင့်မားတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်တာ ဒါတွေကို အမေရိက နဲ့ ဥရောပမှာ အများစု ရှိပါတယ်၊ အစီရင်ခံစာအရ ၂၀၂၅ မှာ အငြိမ်းစားယူဖို့ အကောင်းဆုံးနိုင်ငံ နံပါတ် ၁ ကတော့ ပေါ်တူဂီ ဖြစ်ပြီး သူ့နောက်မှာတော့ မော်ရေးရှပ်၊ စပိန်၊ ဥရုဂွေး၊ ဩစတြီးယား၊ အီတလီ၊ ဆလိုဗေးနီးယား၊ မော်လ်တာ၊ လတ်ဗီးယားနဲ့ ချီလီတို့ အစဉ်လိုက်ရှိနေပါတယ်၊ ထိုင်းနိုင်ငံဟာလည်း အငြိမ်းစားတွေ နေထိုင်လို့ကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် နိုင်ငံရေး မတည်ငြိမ်တာ၊ ကျားဖြန့်ကြောင့် ဘဏ်စာရင်းတွေ ပိတ်သိမ်း ခံရတာတွေကြောင့် ဒီရွေးချယ်မှု စာရင်းထဲမှာ မပါလာဘဲ ကျန်နေခဲ့တာ ဖြစ်နိုင်ပါတယ်။
September 16, 2025, 1300hrs
Ref: internet
Photo: internet
#Aron
#global
#retire
#bestcountries
#visaandtravelguide
https://www.cnbc.com/2025/09/14/best-countries-retire-abroad-global-citizen-solutions-report.html

Comments
Post a Comment