Golden Visa
Oman: Golden Visa Valid for Up to 10 Years
If you are thinking of long-term residency in Oman, a small country bordering Saudi Arabia and the UAE, you should consider applying for the Oman Golden Visa. This Golden Visa, which was launched in 2021 and had its procedures updated in August 2025, offers a validity of 5 to 10 years depending on the investment amount.
An investment of OMR 250,000 grants you a 5-year visa, while an investment of OMR 500,000 gives you a 10-year visa. The visa is also renewable upon expiration.
Holders of this visa are allowed to bring their spouse, children under 25, and parents. Investment options include purchasing real estate, company shares, or government bonds. The official website link for the Oman government where you can apply for the visa is provided in the first comment.
အိုမန်မှာ ၁၀ နှစ်အထိ သက်တမ်းရှိတဲ့ ရင်းနှီးမြုပ်နှံမှုဗီဇာ လျှောက်ထားရအောင်
ဆော်ဒီ၊ ယူအေအီးတို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ အိုမန် နိုင်ငံငယ်လေးမှာ ရေရှည်နေထိုင်ဖို့ စိတ်ကူးထားရင်တော့ အိုမန် ရင်းနှီးမြုပ်နှံမှု ဗီဇာကို လျှောက်ထားသင့်ပါတယ်။ ၂၀၂၁ မှာ စတင်ခဲ့ပြီး ၂၀၂၅၊ ဩဂုတ်လမှာ လုပ်ထုံးလုပ်နည်းတွေ မွမ်းမံ ပြင်ဆင်ခဲ့တဲ့ ဒီ Golden visa ဟာ ရင်းနှီးမြုပ်နှံမှု ပမာဏ အပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်အထိ သက်တမ်းရှိပါတယ်။ အိုမန် ရီယယ်ငွေ ၂၅၀၀၀၀ နှစ်သိန်းခွဲ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ၅ နှစ်သက်တမ်းရှိတဲ့ ဗီဇာကို ရမှာ ဖြစ်ပြီး ရီယယ်ငွေ ၅၀၀၀၀၀ ငါးသိန်း ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ ၁၀ နှစ်အထိ ဗီဇာသက်တမ်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗီဇာ ကုန်တဲ့အခါမှာ သက်တမ်း ထပ်မံ တိုးနိုင်ပါသေးတယ်။
ဒီဗီဇာကို ရထားတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ အသက် ၂၅ နှစ်အောက် သားသမီးတွေနဲ့ မိဘတွေကိုပါ ခေါ်ယူခွင့် ရှိပါတယ်၊ ရင်းနှီးမြုပ်နှံတယ်လို့ဆိုရာမှာ အိမ်ခြံမြေ ဝယ်ယူခြင်း၊ ကုမ္ပဏီရှယ်ယာတွေ ဒါမှမဟုတ် အစိုးရ ဘွန်းစာချုပ်တွေ ဝယ်ယူနိုင်ပါတယ်၊ ဗီဇာလျှောက်ထားနိုင်တဲ့ အိုမန်အစိုးရရဲ့ တရားဝင် ဝက်ဘ်ဆိုဒ် လိပ်စာကို ကောမန့်မှာ ဖော်ပြထားပါတယ်။
September 17, 2025, 0930hrs
Ref: internet
Photo: internet
#Aron
#oman
#goldenvisa
#visaandtravelguide

Comments
Post a Comment