Grand Egyptian Museum
World's Largest Museum Opens in Cairo, Egypt
The Grand Egyptian Museum (GEM), which recently had a soft opening in Cairo, is set to officially open on November 1st. This is one of the world's largest museums, a project that has been in the works for over 20 years with a budget of more than a billion dollars. The museum showcases nearly 50,000 artifacts, some of which are over 5,000 years old. It is considered to be one of Egypt's most magnificent undertakings since the Great Pyramids of Giza.
Upon entering the museum, visitors are greeted by a 36-foot-tall, 3,200-year-old statue of King Ramses II, which stands imposingly in the sun-drenched atrium. The museum provides a chronological journey through Egypt's history, from its earliest dynasties to its decline. By exploring the exhibits—which include papyrus scrolls, mummies, and statues—visitors can gain a deeper understanding of ancient Egyptian culture.
Additionally, the museum features several gift shops where you can purchase Egyptian souvenirs, such as traditional cotton textiles, mother-of-pearl accessories, and beautifully handcrafted rugs. If you get tired from walking, there's also a cafe where you can rest and enjoy traditional Egyptian food. The GEM is definitely a must-visit destination if you are in Cairo.
ကိုင်ရိုမှာ ကမ္ဘာ့အကြီးဆုံး ပြတိုက် ဖွင့်လှစ်
မကြာသေးခင်က အကြို ဖွင့်လှစ်လိုက်တဲ့ Grand Egyptian Museum ဟာ ကိုင်ရိုမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးပြတိုက် တစ်ခု ဖြစ်ပါတယ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်မယ့် ဒီပြတိုက်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ စီမံကိန်းရေးဆွဲ တည်ဆောက် ခဲ့ရပြီး ဘတ်ဂျက် ဒေါ်လာဘီလီယံနဲ့ချီပြီး သုံးစွဲခဲ့တဲ့ ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်၊ နှစ်ပေါင်း ၅၀၀၀ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းပစ္စည်း ပေါင်း ၅၀၀၀၀ နီးပါးကို ပြသထားပြီး ဂီဇာ ပိရမစ်ကြီးတွေ ပြီးရင် အီဂျစ်ရဲ့ အခမ်းနားဆုံး အဆောက်အဦး လို့လဲ ဆိုနိုင်ပါတယ်။
ပြတိုက်ထဲကို ဝင်ရောက်လိုက်တာနဲ့ နှစ်ပေါင်း ၃၂၀၀ သက်တမ်းရှိတဲ့ ၃၆ ပေအမြင့်ရှိတဲ့ ဘုရင် Ramses II ရဲ့ရုပ်တုကြီးကို မျက်နှာချင်းဆိုင် တွေ့ရမှာ ဖြစ်ပြီး နေရောင်ခြည်နဲ့လင်းလက်နေတဲ့ ဝင်ပေါက်မုဒ်ဦးကိုလည်း မြင်ရမှာပါ၊ ပြတိုက်ထဲမှာ အီဂျစ် နိုင်ငံရဲ့ သမိုင်းတလျောက် ဖြစ်စဉ်တွေကို ဖော်ပြထားပြီး ပက်ပါရပ်စ် စာလိပ်တွေ၊ မမ်မီတွေ၊ ရုပ်ထုတွေကို လေ့လာရင်း ရှေးဟောင်း အီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြတိုက်ထဲမှာ လက်ဆောင်ပစ္စည်းဆိုင်တွေ ရှိပြီး အီဂျစ်ရိုးရာ ဝါဂွမ်းထည်တွေ၊ ကမာခွံနဲ့လုပ်ထားတဲ့ ပစ္စည်းတွေ၊ အလွန် လှပတဲ့ကော်ဇော်တွေ စတဲ့ အမှတ်တရ ပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်ပါတယ်၊ လှည့်လည်ပြီးလို့ မောပန်းလာပြီဆိုရင် အနားယူဖို့ ကော်ဖီဆိုင်တစ်ခုလည်း ရှိပြီး အီဂျစ်ရိုးရာ အစားအစာတွေလည်း ရနိုင်ပါတယ်။ ဒီပြတိုက်ကြီးဟာ ကိုင်ရိုကို ရောက်ရင် မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့နေရာတစ်ခု လည်း ဖြစ်ပါတယ်။
September 16, 2025, 0900hrs
Ref: internet
Photo: internet
#Aron
#egypt
#grandegyptianmuseum
#ciro
#visaandtravelguide
https://www.travelandleisure.com/cairo-grand-egyptian-museum-11802467

Comments
Post a Comment