Greece

Want to travel to EU countries visa-free? Get a Golden Visa in Greece

Greece's Golden Visa is a type of long-term residency visa for non-citizen investors. It's one of the most popular programs for wealthy individuals due to its easy application process and the ability to travel visa-free to EU countries.

The main requirement for this visa is to purchase real estate in Greece. You can get it by buying a property with a minimum value of €250,000. Once you get the visa, you have the right to reside in Greece for five years, and you can also bring your family members. Additionally, you can travel freely to the 29 member countries of the Schengen Area without a visa. If the investment is maintained, the visa can be renewed every five years, and after seven years, you can apply for citizenship. Another advantage is that you don't need to live permanently in Greece to maintain the visa.

The requirements are simple: anyone over 18 who is not an EU/ EEA citizen can apply. You just need a clean criminal record, health insurance, and proof that your funds are from a legitimate source. In short, the Greece Golden Visa is one of the easiest golden visas in the world.

ဥရောပသမဂ္ဂနိုင်ငံတွေကို ဗီဇာမလိုဘဲ သွားချင်လား ဂရိမှာ Golden Visa ယူလိုက်ပါ

ဂရိနိုင်ငံရဲ့ ရွှေဗီဇာဟာ နိုင်ငံသားမဟုတ်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို ကာလရှည် နေထိုင်ခွင့်ပေးတဲ့ ဗီဇာ တစ်မျိုး ဖြစ်ပါတယ်၊ ဗီဇာလျှောက်ရတာ လွယ်ကူတဲ့အပြင် ဥရောပသမဂ္ဂနိုင်ငံတွေကို ဗီဇာမလိုဘဲ သွားရောက်နိုင်တာမို့ ငွေကြေး တတ်နိုင်သူတွေ အတွက် လူကြိုက်အများဆုံး အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒီဗီဇာကို ရဖို့အတွက် အဓိကလိုအပ်ချက်ကတော့ ဂရိမှာ အိမ်ခြံမြေ ဝယ်ယူဖို့ပဲ ဖြစ်ပါတယ်၊ အနိမ့်ဆုံးအနေနဲ့ ယူရို ၂၅၀၀၀၀ တန်ဖိုးရှိတဲ့ အိမ်ခြံမြေကို ဝယ်ယူလိုက်ရင် ရပါပြီ၊ ဗီဇာရပြီဆိုရင် ဂရိမှာ ၅ နှစ်အထိ နေထိုင်ခွင့် ရမှာ ဖြစ်ပြီး မိသားစုဝင်တွေကို လည်း ခေါ်ယူလို့ ရပါတယ်၊ ဒါ့အပြင် ဥရောပရဲ့ Schengen အဖွဲ့ဝင် ၂၉ နိုင်ငံကို ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေသရွေ့ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး ၇ နှစ်ပြည့်ရင် နိုင်ငံသားဖြစ်ခွင့် လျှောက်လို့ရပါပြီ၊ ဒီဗီဇာကို ထိန်းသိမ်းဖို့အတွက် ဂရိမှာ အမြဲတမ်းနေထိုင်ဖို့ မလိုတဲ့ အားသာချက်လည်း ရှိပါတယ်။

သူ့ရဲ့သတ်မှတ်ချက်ကလည်း ရိုးရှင်းလှပါတယ်၊ အီးယူနိုင်ငံသားမဟုတ်ရင် အသက် ၁၈ နှစ်အထက် မည်သူမဆို လျှောက်ထား နိုင်ပြီး ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ ကျန်းမာရေးအာမခံ နဲ့ ငွေဖြူဖြစ်ကြောင်း ပြနိုင်ဖို့ပဲ လိုအပ်ပါတယ်၊ ခြုံပြီး ပြောရရင် ဂရိ နိုင်ငံရဲ့ ရွှေဗီဇာဟာ ကမ္ဘာတဝှန်း Golden visa တွေထဲက အလွယ်ကူဆုံး သော ဗီဇာတစ်ရပ်ပဲ ဖြစ်ပါတယ်။

September 15, 2025, 0930hrs


Ref: internet

Photo: internet

#Aron

#greece

#goldenvisa 

#schengenarea 

#EU

#visaandtravelguide

https://www.travelandtourworld.com/news/article/golden-visa-program-of-greece-records-more-than-thirty-percent-surge-in-new-applications-in-this-year-driven-by-demand-from-turkey-china-and-israel/



Comments

Popular posts from this blog