Health Minister

Diplomatic Abuse: US Revokes Visa of Brazilian Health Minister's 10-Year-Old Daughter

Donald Trump is attempting to help the former Brazilian president, who is facing charges for an attempted coup, with legal matters. The Trump administration is reportedly revoking visas to pressure the current Brazilian government.

The former Brazilian president was sentenced to 27 years in prison on Thursday following the unsuccessful coup attempt in 2022.

In response, the Trump administration has been targeting individuals tied to the Brazilian government and the Supreme Court by revoking their visas. This includes eight of the 11 judges on the Brazilian Supreme Court who sentenced the former president. The most recent visa revocation was for the Health Minister's 10-year-old daughter.

The Brazilian Health Minister questioned what kind of threat a 10-year-old child could pose to the US government and denounced the action as an act of "diplomatic abuse." He is still awaiting his own visa to attend the upcoming UN General Assembly in New York next week.

ဘရာဇီးလ် ကျန်းမာရေးဝန်ကြီးရဲ့ ၁၀ အရွယ်သမီးငယ် အမေရိကန်ဗီဇာ ရုပ်သိမ်းခံရ

အာဏာသိမ်းရန် ကြိုးပမ်းမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဘရာဇီးလ် သမ္မတဟောင်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရား ဥပဒေကြောင်းအရ ကူညီဖို့ ကြိုးပမ်းနေပြီ လက်ရှိ ဘရာဇီးလ်အစိုးရအဖွဲ့ကို ဖိအားပေးတဲ့အနေနဲ့ ဗီဇာ ဖျက်သိမ်းတာတွေ လုပ်နေပါတယ်။ ၂၀၂၂ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီးမှာ ဘရာဇီးလ် သမ္မတဟောင်းကို ကြာသာပတေးနေ့က ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထရန့်အစိုးရဟာ ဘရာဇီးလ်အစိုးရ အပါအဝင် တရားရုံးချုပ်နဲ့ ဆက်နွယ်နေသူတွေကို ပစ်မှတ်ထားပြီး ဗီဇာ ရုပ်သိမ်းမှုတွေ ဆောင်ရွက်လာခဲ့ပါတယ်၊ သမ္မတဟောင်းကို အမိန့်ချခဲ့တဲ့ ဘရာဇီးလ် တရားရုံးချုပ်က တရားသူကြီး ၁၁ ဦးထဲက ၈ ဦးရဲ့ ဗီဇာတွေကို ရုပ်သိမ်းခဲ့ပြီး ယခု ထပ်မံ ရုပ်သိမ်းမှုတွေထဲမှာ ကျန်းမာရေး ဝန်ကြီးရဲ့ ၁၀ နှစ်အရွယ် သမီးငယ်ပါ ပါသွားခဲ့တာပါ၊ ဘရာဇီးလ် ကျန်းမာရေး ဝန်ကြီးက ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အမေရိကန် အစိုးရကို ဘယ်လို အန္တရယ် ပေးနိုင်မလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ဒါကို သံတမန် ရေးရာ အလွဲသုံးစားလုပ်မှု လို့လည်း ရှုတ်ချခဲ့ပါတယ်။ သူဟာ လာမယ့်အပတ် နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့အတွက် ဗီဇာရရှိဖို့ လိုနေပါသေးတယ်။

September 18, 2025, 0900hrs


Ref: internet

Photo: internet

#Aron

#brazil

#healthminister

#visaandtravelguide

https://www.theguardian.com/world/2025/sep/16/alexandre-padilha-brazil-minister-daughter-visa-revoked-trump



Comments

Popular posts from this blog