Homeland Security

U.S. Senator Sends Letter to Homeland Security to Tighten Visa Rules

Chuck Grassley, a Republican senator, has sent an open letter to the Secretary of Homeland Security. In the letter, he requested a thorough review of work authorizations granted to student visa holders, essentially calling for tighter visa application scrutiny.
His reasoning is that the work authorizations issued to student visa holders are making it difficult for American citizens to find jobs. He also alleges that these individuals may be involved in technology theft and espionage. As an example, he cited over 30,000 Chinese student visa holders who have work authorizations in the STEM fields.
While there may be honest, hard-working people who genuinely want to study, we cannot ignore that most of the people who commit technological espionage are Chinese nationals who have studied in the US. This is why the senator has requested tighter regulations on work authorizations for student visa holders. It remains to be seen what the impact of this letter will be.

ဗီဇာ တင်းကြပ်ဖို့ အမေရိကန် ဆီးနိတ်အမတ်က Home Land Security ကို အိတ်ဖွင့်ပေးစာ ပေးပို့

ရီပတ်ဘလီကန် ဆီးနိတ်အမတ် တစ်ဦးဖြစ်တဲ့ Grassley ဟာ ပြည်တွင်းလုံခြုံရေးအတွင်းရေးမှုးဆီကို အိတ်ဖွင့် ပေးစာ တစ်စောင် ပေးပို့ခဲ့ပါတယ်၊ ဒီစာမှာ ကျောင်းသားဗီဇာတွေကိုင်ပြီး အလုပ်လုပ်ခွင့် ထုတ်ပေးနေတာကို သေချာစိစစ်ဖို့ တောင်းဆိုထားတာပါ၊ သဘော ကတော့ ဗီဇာလျှောက်လွှာတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ပါပဲ။
သူ့ရဲ့အကြောင်းပြချက်ကတော့ ကျောင်းသားဗီဇာကိုင်ဆောင်ထားပြီး အလုပ်လုပ်ခွင့် ထုတ်ပေးထားတာကြောင့် အမေရိကန် နိုင်ငံသားတွေ အလုပ်အကိုင် ခက်ခဲမှုတွေ ဖြစ်နေတာရယ် ဒီလူတွေဟာ နည်းပညာခိုးယူ လွှဲပြောင်းမှုတွေ ကျုးလွန်နိုင်ကြတယ် လို့ စွပ်စွဲထားပါတယ်၊ သူက STEM နယ်ပယ်မှာ အလုပ်လုပ်ခွင့် ရထားတဲ့ တရုတ် ကျောင်းသားဗီဇာ ကိုင်ဆောင်ထားတဲ့ လူ ၃ သောင်း ကျော်ကို ဥပမာပေးခဲ့ပါတယ်။
အမှန်တကယ် ပညာသင်လိုတဲ့ ရိုးသားကြိုးစားတဲ့ သူတွေ ရှိနေနိုင်ပေမယ့် နည်းပညာ သူလျှိုလုပ်မှုတွေ ကျုးလွန်သူ အများစုဟာ အမေရိကားမှာ ပညာသင်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်နေတာကို မျက်ကွယ်ပြုလို့မရပါဘူး၊ ဒါကြောင့် ခုလိုမျိုး ဆီးနိတ်အမတ် က ကျောင်းသားဗီဇာကိုင်ဆောင်ထားပြီး အလုပ်လုပ်ခွင့်ရထားတဲ့သူတွေကို တင်းကြပ်ဖို့ တောင်းဆိုလာတာဖြစ်ပါတယ်၊ ဒီစာနဲ့ ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
September 25, 2025, 0900hrs

Comments

Popular posts from this blog