International Students

US Visa Policy Changes for International Students

Based on the news that came out recently, the new guidance from the US State Department states that all student visa applicants must have their visa interviews in their country of citizenship. This essentially means you must apply for your student visa in your home country. This implies that applying for a visa at a US embassy in other countries like Thailand, Cambodia, Philippine or Vietnam, which was a common practice for those who found it difficult to get a visa in our country, will no longer be allowed.

As everyone knows, getting a visa interview in our country can take a very long time as you have to wait for the date they provide. Many people who couldn't wait would travel to neighboring countries to apply at the US embassies there. This change effectively bans such applications in other countries.

As a result, student visa applications will likely face longer delays than before, meaning that if you plan to study in the US, you will need to apply for your visa at least a year in advance. This announcement, which became effective on September 6, is a nightmare for anyone planning to go to the US for their studies.

အမေရိကန်မှာ ကျောင်းတက်ချင်ရင် မိခင်နိုင်ငံမှာပဲ ဗီဇာအင်တာဗျူး ဖြေရတော့မယ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အသစ်မှာ ကျောင်းသား ဗီဇာလျှောက်ထားလိုသူ အားလုံး ကိုယ့်ရဲ့နိုင်ငံသားအဖြစ် နေထိုင်တဲ့ နိုင်ငံမှာပဲ ဗီဇာအင်တာဗျူး ဖြေဆိုဖို့ ပါလာပါတယ်၊ ဆိုရရင် ကိုယ့်နိုင်ငံမှာပဲ ကျောင်းသား ဗီဇာလျှောက်ရမယ်ပေါ့ဗျာ၊ ဒီပုံ အတိုင်းဆိုရင် ပြည်တွင်းမှာ ဗီဇာ ရဖို့ ခက်လို့ ထိုင်းတို့ ကမ္ဘောဒီးယားတို့ ဖိလစ်ပိုင်တို့ ဗီယက်နမ်တို့ကို သွားပြီး အဲဒီနိုင်ငံတွေက အမေရိကန်သံရုံးတွေမှာ ဗီဇာလျှောက်ထားတာ တွေကို ခွင့်မပြုတော့ဘူးလို့ အဓိပ္ပါယ် ရပါတယ်။

ပြည်တွင်းမှာက အားလုံးသိကြတဲ့အတိုင်း ဗီဇာအင်တာဗျူး ဝင်ဖို့ ဆိုတာ သူတို့ ခေါ်တဲ့အချိန်ကိုပဲ စောင့်ရတာမို့ အရမ်း ကြာပါတယ်၊ မစောင့်နိုင်တဲ့သူတွေကတော့ အိမ်နီးချင်းနိုင်ငံတွေက အမေရိကန် သံရုံးတွေကိုသွားပြီး ဗီဇာလျှောက်ကြတာ အများကြီးပါ၊ ဒီအပြောင်းအလဲက အဲဒီလို တခြားနိုင်ငံတွေမှာ ဗီဇာလျှောက်ထားမှုကို ခွင့်မပြုတော့ပါဘူး၊ အကျိုးဆက်က ကျောင်းသား ဗီဇာ လျှောက်ထားမှုတွေ ယခင်ကထက် ပိုမို ကြန့်ကြာလာနိုင်တာမို့ အမေရိကားမှာ ကျောင်းတက်မယ် ဆိုရင် အနည်းဆုံး တစ်နှစ်လောက် ကြိုတင်ဗီဇာလျှောက်ထားဖို့ လိုလာပါပြီ၊ စက်တင်ဘာ ၆ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ဒီ ကြေညာချက်ကတော့ အမေရိကားကို ကျောင်းသွားတက်မယ့်သူတွေအတွက် အိမ်မက်ဆိုးပါပဲ။

September 19, 2025, 0900hrs


Ref: Internet

Photo: internet

#Aron

#usa

#student

#visainterview

#visaandtravelguide

https://thepienews.com/us-visa-changes-further-widening-global-equity-gap/



Comments

Popular posts from this blog