Monitor Alien

Can the U.S. Government Monitor All 55 million Foreigners, or is it a Scare Tactic?

The U.S. government recently announced it would be monitoring all 55 million foreign nationals residing in the country to identify and revoke the visas of those who violate laws or support terrorism. This has raised questions about whether it is even possible to monitor all visa holders, especially at a time when some government agencies are reducing their immigration staff.

Authorities state they are using AI technology to carry out this surveillance. However, some former immigration officials say the announcement is a form of psychological warfare designed to trigger mass self-deportation. Given that there are already not enough immigration staff and a 20% staff reduction is in effect, it is highly improbable that they can monitor all foreign nationals.

In summary, the Trump administration's announcement that it will monitor all 55 million foreigners is likely a psychological operation. It is probable that they will only be able to monitor a much smaller, targeted group.

အမေရိကားက နိုင်ငံခြားသား ၅၅ သန်းလုံးကို စောင့်ကြည့်နိုင်မလား ခြောက်လှန့်တာလား

အမေရိကန် အစိုးရဟာ ပြည်တွင်းနေ နိင်ငံခြားသား ၅၅ သန်းစလုံးကို စောင့်ကြည့်နေပြီး ဥပဒေစည်းမျဉ်း ချိုးဖောက်တဲ့သူတွေ အကြမ်းဖက်မှုကို ထောက်ခံတဲ့သူတွေကို ဖော်ထုတ်ပြီးတော့ ဗီဇာရုပ်သိမ်းမယ်လို့ တလောကပဲ ထုတ်ပြန်ကြေညာထားပါတယ်၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းအချို့ကိုတောင် DOGE က လျှော့ချနေတဲ့အချိန်မှာ ၅၅ သန်းသော နိုင်ငံခြားသား ဗီဇာကိုင်ဆောင်သူ အားလုံးကို စောင့်ကြည့်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ မေးခွန်းတွေ ထုတ်လာကြပါပြီ။ သက်ဆိုင်ရာကတော့ AI နည်းပညာ အသုံးပြုပြီး စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

အချို့သော လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းဟောင်းတွေကတော့ ဒီ ကြေညာချက်ဟာ ကိုယ့်ဘာသာကိုယ် ပြည်နှင်ဒဏ် ခံယူမှု အစုလိုက်အပြုံလိုက် ဖြစ်လာအောင် ဖန်တီးထားတာလို့ ပြောနေကြပါတယ်၊ ရှိပြီးသား လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေ တောင် မလုံလောက်သေးတဲ့အချိန်မှာ ၂၀ဝန်ထမ်းလျော့ချတာတွေ ကြောင့် နိုင်ငံခြားသား အားလုံးကို စောင့်ကြည့်ဖို့ဆိုတာ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါတယ်။

ခြုံပြီး ပြောရမယ်ဆိုရင် နိုင်ငံခြားသား ၅၅ သန်းစလုံးကို စောင့်ကြည့်သွားမယ်ဆိုတဲ့ ထရန့်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ဟာ စိတ်ဓာတ်စစ်ဆင်ရေး မျှသာ ဖြစ်နိုင်ပြီး ဒီထက် ပမာဏနည်းတဲ့ ဦးတည်အုပ်စုလောက်ကိုပဲ စောင့်ကြည့်နိုင်မယ်လို့ ထင်ပါတယ်။

September 15, 2025, 1300hrs


Ref: internet

Photo: internet

#Aron

#usa

#monitor

#foreignnationals

#visaandtravelguide

https://www.dailymail.co.uk/news/article-15070113/Trump-launches-AI-deportation-machine-high-tech-PSYOP-hunt-foreign-visa-violators.html



Comments

Popular posts from this blog