Philippine 

Philippine Airlines to Offer Fare Discounts for Retirees

The Philippine Consulate General in Los Angeles launched the PRA x PAL SRRV Program this August. The program will provide an exclusive special discount on round-trip flights to the United States for holders of the PhilippinesSpecial Resident Retiree’s Visa (SRRV).

The SRRV is a special visa issued to retirees of any nationality. It requires a bank deposit of only $10,000 USD for those with a monthly pension and $20,000 USD for those without. This visa allows for an indefinite; lifetime stay in the Philippines. Due to its low bank deposit requirement, the ability to bring family, and exemption from annual immigration reporting, it is a type of visa that should be considered by those who wish to live in the Philippines long-term on a retirement visa.

အငြိမ်းစားတွေအတွက် ဖိလစ်ပိုင်လေကြောင်းလိုင်းက ဈေးလျော့ပေးမယ်

လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးသည် PRA x PAL SRRV အစီအစဉ် ကို ယခုနှစ် ဩဂုတ်လ အတွင်းက စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အထူး အငြိမ်းစားနေထိုင်ခွင့် ဗီဇာ Special Resident Retiree Visa - SRRV ကို ကိုင်ဆောင်ထားသူများအား အမေရိကန်သို့ အသွားအပြန် လေယာဉ်ခရီးစဉ်များအတွက် သီးသန့် အထူးလျော့ဈေး ပေးသွားမည် ဖြစ်သည်။

SRRV သည် အငြိမ်းစား ယူလိုသည့် မည်သည့်နိုင်ငံသားမဆို ထုတ်ပေးသည့် အထူးဗီဇာ အမျိုးအစား တစ်ခု ဖြစ်သည်။ လစဉ် ပင်စင်လစာ ရှိသူများအတွက် ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် ပင်စင်မရှိသူများအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀ သာ လိုအပ်သည်။ အဆိုပါ ဗီဇာဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အချိန်ကာလ အကန့်အသတ်မရှိ နေနိုင်ပြီး တသက်တာ ဗီဇာအမျိုးအစား ဖြစ်သည်၊ ဘဏ်စာရင်း သတ်မှတ် ပမာဏ နည်းပါးခြင်း၊ မိသားစုကို ခေါ်ဆောင်လာခွင့်နှင့် နှစ်စဉ် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အစီရင်ခံစာတင်ပြရခြင်းတို့မှ ကင်းလွတ်ခွင့် တို့ကြောင့် အငြိမ်းစား ဗီဇာဖြင့် ရေရှည် နေထိုင်လိုသူများ ထည့်သွင်းစဉ်းစားသင့်သည့် ဗီဇာအမျိုးအစား တစ်ခု ဖြစ်ပါသည်။

September 10, 2025, 0900hrs


Ref: internet

Photo: internet

#Aron

#philippine

#retirees 

#discount

#visaandtravelguide

https://dfa.gov.ph/dfa-news/news-from-our-foreign-service-postsupdate/37133-special-resident-retiree-visa-holders-now-enjoy-exclusive-discount-from-philippine-airlines



Comments

Popular posts from this blog