B-2 Visa အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး B2 Visa ငြင်းပယ်ခံရတဲ့ ဖြစ်စဉ်အပေါ် ဝေဖန်သုံးသပ်ချက်

(English text below)

အသက် ၂၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသူ တစ်ဦးဟာ အမေရိကားကို သွားရောက်လည်ပတ်ဖို့ စာရွက်စာတမ်း အပြည့်အစုံနဲ့ B2 visa လျှောက်ထားခဲ့ရာမှာ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေကနေ ထင်မြင် ယူဆချက် တွေ ပေးလာခဲ့ပါတယ်။

B2 visa ဟာ ခရီးသွားလာဖို့၊ အပန်းဖြေဖို့၊ ဆေးကုသမှုခံယူဖို့ အတွက် အမေရိကန် သွားလိုသူတွေကို ထုတ်ပေးတဲ့ ဗီဇာ အမျိုးအစား ဖြစ်ပြီး ဗီဇာ လျှောက်ထားတဲ့အခါမှာ ကိုယ့်နိုင်ငံကို ပြန်လာဖို့ ခိုင်မာတဲ့ အကြောင်းပြချက် ရှိမရှိကို အင်တာဗျူးတဲ့ အရာရှိက သေချာစိစစ်လေ့ရှိပါတယ်၊ အဓိက တော့ ဝင်ငွေနဲ့ အိမ်ထောင်ရေး အခြေအနေကို ဆန်းစစ်တာ ဖြစ်ပြီး ဝင်ငွေ နည်းနေရင် ခရီးစရိတ်ကို ဘယ်လိုရှာမလဲ၊ ခရီးစဉ်တလျှောက် ဘယ်လိုထောက်ပံ့မလဲ ဆိုတာ သံသယဖြစ်စေပါတယ်၊ ဝင်ငွေ နည်းပါးလို့ အမေရိကားမှာ အလုပ်သွားလုပ်ဖို့ ကြိုးစားနေတာလားလို့လည်း သံသယ ဝင်နိုင်ပါတယ်။ ဒါ့အပြင် IT အလုပ်တွေ ဟာလည်း အဝေးကနေ လုပ်ကိုင်လို့ ရတာမို့ အမေရိကားမှာ နေထိုင်ရင်း အလုပ်လုပ်နိုင်တယ်လို့လည်း ထင်မြင်ယူဆနိုင်ပါတယ်။

အိမ်ထောင်ရေး အခြေအနေကလည်း ဗီဇာအရာရှိက ထည့်သွင်းစဉ်းစားတတ်ပါတယ်၊ အသက် ၂၆ နှစ်အရွယ် အိမ်ထောင် မရှိသေးသူ တစ်ယောက်ဟာ ကိုယ့်နိုင်ငံမှာ တည်ငြိမ်တဲ့ မိသားစု အခြေအနေ မရှိသေးဘူးလို့လည်း ယူဆသွားနိုင်ပါတယ်၊ ဒါတွေကြောင့် IT လုပ်နေတဲ့၊ ဝင်ငွေနည်းတဲ့၊ အိမ်ထောင်မရှိသေးတဲ့ လူငယ်တွေဟာ ဗီဇာငြင်းပယ်ခံရနိုင်ခြေ ပိုများပါတယ်။ B2 visa လျှောက်မယ်ဆိုရင်တော့ ဝင်ငွေကောင်းတဲ့ အလုပ်ရှိကြောင်း၊ မိသားစုလည်း ရှိကြောင်း ဖော်ပြပြီး လျှောက်ထားနိုင်ရင်တော့ ဗီဇာရနိုင်ခြေ ပိုများမယ်လို့ ထင်ပါတယ်။

September 1, 2025, 0900hr

A 26-year-old Indian woman was rejected for a B2 visa to the United States despite having all the necessary documents. This incident has led to various opinions and assumptions from Internet users.

The B2 visa is a type of visa issued to individuals who wish to travel to the U.S. for tourism, recreation, or medical treatment. When applying for this visa, the interviewing officer carefully scrutinizes whether the applicant has strong ties to their home country that would compel them to return. The main factors considered are income and marital status.

Low income can raise doubts about how the applicant will fund their trip and support themselves throughout their stay. It may also lead the visa officer to suspect that the applicant is trying to find work in the U.S. Additionally, jobs in the IT field can be done remotely, which might also make the officer believe the applicant plans to work from the U.S.

Marital status is another factor the visa officer considers. A 26-year-old unmarried individual might be seen as lacking a stable family situation in their home country. Due to these factors, young individuals working in IT, with low incomes and no marital ties, are more likely to be rejected for a visa.

Therefore, for those applying for a B2 visa, having a stable job with a good income and demonstrating family ties could increase the chances of getting the visa approved.


Ref: internet

Photo: internet

#Aron

#USA

#B2visa

#rejected

#visaandtravelguide

https://www.financialexpress.com/business/investing-abroad-26-year-olds-b2-visa-gets-rejected-internet-blames-it-all-on-salary-and-marital-status-3958399/



Comments

Popular posts from this blog