H-2B ၂၀၂၆ အတွက် အမေရိကန်ရဲ့ H-2B visa သတ်မှတ်ဦးရေ ပြည့်ကာနီးနေပြီ
(English text below)
H-2B visa ဟာ အမေရိကားမှာ အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားတွေ၊ သူ့နိုင်ငံသားတွေ မလုပ်တဲ့အလုပ်မျိုးတွေ အတွက် ထုတ်ပေးတဲ့ ယာယီအလုပ်သမား ဗီဇာအမျိုးအစား ဖြစ်ပါတယ်၊ ဧည့်ဝတ်ပြုရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း နဲ့ ဆောက်လုပ်ရေး လုပ်ငန်းလိုမျိုး ရာသီအလိုက် အလုပ်တွေအတွက် အဓိကထားပြီး ထုတ်ပေးလေ့ရှိပါတယ်။
ဒါပေမယ့်လည်း အကန့်အသတ်မရှိ ထုတ်ပေးတာမျိုး မဟုတ်ဘဲ တစ်နှစ်ကို ၆၆၀၀၀ ခန့်သာ ဗီဇာထုတ်ပေးတာမျိုးပါ၊ ခု ဆိုရင် ၂၀၂၆ ပထမ ခြောက်လအတွက် သတ်မှတ်အရေအတွက် ပြည့်ခါနီးပြီ ဖြစ်သလို ဒုတိယ ခြောက်လအတွက်လည်း လျှောက်လွှာ တွေကို လက်ခံနေပြီ ဖြစ်ပါတယ်၊ ဒါကြောင့် ၂၀၂၆ ပထမ ခြောက်လအတွက် H-2B visa လျှောက်ဖို့ စဉ်းစားနေတယ် ဆိုရင် ပြည့်နေပြီ ဖြစ်လို့ လျှောက်လို့ရမှာ မဟုတ်ပါဘူး၊ ၂၀၂၆ ဒုတိယ ခြောက်လအတွက် H-2B visa လျှောက်မယ် ဆိုရင်လည်း သတင်း အချက်အလက်တွေကို အနီးကပ် စောင့်ကြည့်သင့်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ပထမ ခြောက်လက အသုံးမပြုရသေးတဲ့ ဗီဇာတွေ ရှိလာနိုင်တာကြောင့်ပါ၊ ဒါပေမယ့် ဒီဗီဇာအမျိုးအစားကိုတော့ နောက်ဘဏ္ဍာနှစ်ကို သယ်သွားလို့ မရပါဘူး။ အမေရိကန် ရဲ့ ဘဏ္ဍာနှစ်ဟာ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး နောက်နှစ် စက်တင်ဘာ ၃၀ မှာ ကုန်ဆုံးပါတယ်။
September 1, 2025, 1300hr
America's H-2B visa cap is nearing its limit for FY 2026.
The H-2B visa is a type of temporary work visa for foreign nationals who want to work in the U.S. in jobs that American citizens are not doing. It is mainly issued for seasonal jobs in sectors like hospitality, tourism, and construction.
However, the number of visas issued is limited, with only about 66,000 being granted per year. Currently, the quota for the first half of 2026 is almost full, and applications for the second half are also being accepted. Therefore, if you're considering applying for an H-2B visa for the first half of 2026, it's no longer an option as the cap is already met.
For those planning to apply for the second half of 2026, it's important to monitor updates closely because unused visas from the first half may become available. However, these visas cannot be carried over to the next fiscal year. The U.S. fiscal year begins on October 1st and ends on September 30th of the following year.
Ref: internet
Photo: internet
#Aron
#USA
#H2Bvisa
#visaandtravelguide
https://www.bal.com/immigration-news/united-states-h-2b-visa-cap-nears-limit-for-first-half-fy-2026/

Comments
Post a Comment