UNGA နယူးယောက် ကုလ အထွေထွေညီလာခံ တက်ရောက်ဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို အမေရိကန်က ဗီဇာမပေး

(English text below)

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ စက်တင်ဘာလ အတွင်း စတင်တော့မှာ ဖြစ်ပါတယ်၊ ဒီအစည်းအဝေးကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဝင်တွေ တက်လို့ မရအောင် အမေရိကန် အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးဘဲ တားမြစ်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ နဲ့ အမေရိကန်အစိုးရအကြား ၁၉၄၇ ခုနှစ် သဘောတူညီချက်နဲ့ ဆန့်ကျင်နေပါတယ်၊ ဒီ သဘောတူညီချက် မှာ ကုလသမဂ္ဂဌာနချုပ်ကို တရားဝင် အလုပ် ကိစ္စနဲ့ ဖိတ်ကြားခံရသူတွေကို အိမ်ရှင်နိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လိုပဲရှိနေပါစေ၊ ဗီဇာချက်ချင်းထုတ်ပေးရမယ် ဆိုတဲ့အချက် ပါပါတယ်၊ သို့ပေမယ့်လည်း အမေရိကန် အစိုးရဟာ သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နိုင်ငံကဆိုရင် ဗီဇာထုတ်မပေးဘဲ နေတတ်ပါတယ်၊ ၂၀၂၀ ပြည့်နှစ်က အီရန်နဲ့ ဆက်ဆံရေး တင်းမာ နေချိန် မှာ အီရန်နိုင်ငံခြားရေး ဝန်ကြီးကို ဗီဇာ ထုတ်မပေးခဲ့ပါဘူး၊ အမေရိကန်ဟာ ဗီဇာကို သံတမန် ရေးရာ လက်နက်တစ်ခုအဖြစ် ပုံမှန်အသုံးပြုလေ့ရှိပြီး ရန်ဘက်နိုင်ငံတွေက သံတမန်တွေ အခက်တွေ့အောင် လုပ်တတ်ပါတယ်၊ ၁၉၈၈ တုန်းကလည်း အဲ့အချိန်က ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ ဥက္ကဌ ယာဆာအာရာဖတ် ကို ဗီဇာပေးဖို့ ငြင်းခဲ့တာကြောင့် အာရာဖတ် မိန့်ခွန်းပြောနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အစည်းအဝေး တစ်စိတ်တစ်ပိုင်း ကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ရပါသေးတယ်။

ဒီလို ဗီဇာ ငြင်းပယ်ကန့်သတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံ အတော်များများက ကန့်ကွက်နေကြပြီး ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရပါမယ်။

September 2, 2025, 0900hr

The US Government denies visas to the Palestinian Authority to attend the UN General Assembly in New York.

The international meeting of leaders and representatives from various UN member states is set to begin on September 9th at the UN Headquarters in New York. The US government is preventing the Palestinian Authority from attending this meeting by denying them visas.

This action contradicts the 1947 agreement between the UN and the US government. This agreement stipulates that the host country must promptly issue visas to individuals invited to the UN Headquarters on official business, regardless of bilateral relations. However, the US government often denies visas to officials from countries with which it has poor relations. For instance, in 2020, at the height of tensions with Iran, the US refused to issue a visa to Iran's foreign minister at the time. The US regularly uses visas as a diplomatic tool at the UN and severely restricts the freedom of movement of diplomats from adversarial countries, often simply by refusing to issue a visa. In 1988, the US also denied a visa to then-PLO Chairman Yasser Arafat, which led the UN General Assembly to hold part of its session in Geneva, Switzerland, so he could address the delegates.

Many countries are protesting these visa restrictions and denials. It remains to be seen what will happen next.


Ref: internet

Photo: internet

#Aron

#USA

#UNGA

#Palestinian

#visaandtravelguide

https://www.timesofisrael.com/liveblog-august-29-2025/

https://www.forbes.com/sites/stephaniefillion/2025/08/29/us-to-restrict-palestinian-delegation-visas-ahead-of-unga/

https://apnews.com/article/israel-palestinians-rubio-un-4bb2a424ecdd8805f9a7a153848b3ad7



Comments

Popular posts from this blog