Transit visa 

An Indian celebrity actress heading to Argentina was denied boarding at Dubai Airport

Indian actress and YouTuber Shenaz Treasury had an emotional and difficult experience while in transit at Dubai Airport on her way to Argentina. She tearfully caused a commotion after being denied boarding because she did not have a printed copy of her e-Visa. She had to rush to get the document printed before she was finally allowed to board the flight.

While Dubai offers e-Visas to Indian nationals, travelers are required to present a printed copy of the e-Visa to immigration officials. The flight from Dubai to Buenos Aires, Argentina, takes approximately 23 hours, a journey of almost a full day. If you are also traveling and have an e-Visa that is not a sticker in your passport, it's highly recommended to print a copy and bring it with you.

အာဂျင်တီးနား သွားမယ့် နာမည်ကျော် အိန္ဒိယ မင်းသမီး ကို ဒူဘိုင်းလေဆိပ်ကနေ လေယာဉ်ပေါ်တက်ခွင့်မပြု

အိန္ဒိယ ရုပ်ရှင်မင်းသမီးနဲ့ YouTuber လည်းဖြစ်တဲ့ Shenaz Treasury ဟာ အာဂျင်တီးနားကိုအသွား ဒူဘိုင်းလေဆိပ်က နေ Transit လုပ်ရာမှာ လေယာဉ်ပေါ်တက်ရောက်ခွင့် မပေးလို့ ငိုယိုပြီး ပြဿနာရှာခဲ့ပါတယ်၊ သူမမှာ eVisa ရှိပေမယ့် ပရင့် ထုတ်ထားတဲ့ စာရွက် မရှိတာကြောင့် လေယာဉ်ပေါ်တက်ခွင့်မရလို့ အပြေးအလွှား အသည်းအသန် ပရင့်ထုတ်ခဲ့ ရပြီး နောက်ဆုံးတော့ လေယာဉ်ပေါ်ကို တက်ခွင့် ရခဲ့ပါတယ်။

ဒူဘိုင်းဟာ အိန္ဒိယနိုင်ငံသားတွေအတွက် eVisa ပေးပေမယ့် လူဝင်မှုကြီးကြပ်ရေး အရာရှိကို ပြသဖို့အတွက် eVisa ရဲ့ ပုံနှိပ်ထားတဲ့ စာရွက်ကို ပြသဖို့လိုပါတယ်၊ ဒူဘိုင်းကနေ အာဂျင်တီးနားနိုင်ငံက ဗျုနို့အေရီ ကို ၂၃ နာရီလောက် လေယာဉ်စီးရတဲ့အတွက် တစ်ရက်တာ နီးပါး အချိန်ပေးရတဲ့ ခရီး ဖြစ်ပါတယ်၊ သင်တို့လည်း လေယာဉ်စီးရမယ်ဆိုရင် ဗီဇာကလည်း ပတ်စ်ပို့မှာ ကပ်ထားတဲ့ ဗီဇာစတစ်ကာ မဟုတ်ဘဲ eVisa ဖြစ်ခဲ့ရင် လိုလိုမယ်မယ် ပရင့်ထုတ်ပြီး ယူသွားဖို့ တိုက်တွန်းလိုပါတယ်။

September 3, 2025, 0900hr


Ref: internet

Photo: internet

#Aron

#India

#Argentia

#actress

#visaandtravelguide

https://www.ndtv.com/lifestyle/shenaz-treasury-denied-boarding-flight-at-dubai-airport-after-e-visa-hassle-i-cried-and-made-a-scene-9200634

Comments

Popular posts from this blog