Visa-free Travel Policy
Portugal's tourism sector is growing thanks to its visa-free travel policy
Portugal's tourism sector is thriving, driven by travelers from 93 visa-free countries as of August 2025. This list of nations includes the United States, Canada, Brazil, Mexico, Japan, South Korea, Norway, and others. This extensive list of visa-exempt nations has made Portugal an attractive, top-tier European travel destination.
Portugal's rich history is shaped by myths, legends, and ancient civilizations. As a former part of the Roman Empire, Roman culture left a significant impact on the country's culture. In the post-COVID era, Portugal's tourism industry has fully recovered, with visitor numbers now exceeding pre-pandemic figures. This reflects the foresight of the Portuguese government, as the country currently hosts an impressive 18.3 million international tourists. The expansion of visa-free access, combined with its rich culture, diverse landscapes, and excellent services, has positioned Portugal as a leader in global tourism.
ပေါ်တူဂီရဲ့ ခရီးသွားလုပ်ငန်းဟာ ဗီဇာကင်းလွတ်ခွင့် ပေးထားတဲ့ နိုင်ငံတွေကြောင့် တိုးတက်နေ
ပေါ်တူဂီရဲ့ ခရီးသွားလာရေးကဏ္ဍဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ ဗီဇာမလိုဘဲ သွားလာနိုင်တဲ့ နိုင်ငံ ၉၃ နိုင်ငံက ခရီးသွားတွေ ကြောင့် တိုးတက်နေပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကို၊ ဂျပန်၊ တောင်ကိုရီးယား၊ နော်ဝေနဲ့ တခြားနိုင်ငံတွေ ပါဝင်ပါတယ်။ ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံအရေအတွက် များပြားလာတာဟာ ပေါ်တူဂီကို ဥရောပရဲ့ ထိပ်တန်း ခရီးသွားနေရာတစ်ခုအဖြစ် ဆွဲဆောင်မှုရှိစေပါတယ်။
ပေါ်တူဂီရဲ့ ကြွယ်ဝတဲ့သမိုင်းကြောင်းကို ဒဏ္ဍာရီတွေ၊ ရိုးရာပုံပြင်တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေက ပုံဖော်ထားပါတယ်။ ရောမ အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာမို့ ရောမယဉ်ကျေးမှုက ပေါ်တူဂီရဲ့ ယဉ်ကျေးမှုအပေါ် လွှမ်းမိုးမှုရှိခဲ့တာပါ၊ ကိုဗစ် အလွန်မှာ ပေါ်တူဂီရဲ့ ခရီးသွားလုပ်ငန်းဟာ နာလန်ပြန်ထခဲ့ပြီး ကပ်ရောဂါမတိုင်ခင်က ခရီးသွားအရေအတွက်ထက် ကျော်လွန်ခဲ့ ပါတယ်၊ ဒါဟာလည်း ပေါ်တူဂီအစိုးရရဲ့ အမြော်အမြင်ကြီးမှုကို ဖော်ပြနေပြီး လက်ရှိမှာ နိုင်ငံတကာ ခရီးသွား ၁၈.၃ သန်း အထိ ရှိနေပြီ ဖြစ်ပါတယ်၊ ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ နိုင်ငံတွေ တိုးချဲ့လာတာ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှု၊ ကွဲပြားတဲ့ ရှုခင်းတွေနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့် ပေါ်တူဂီကို ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ဦးဆောင်နိုင်ငံတစ်ခု အဖြစ် ရောက်ရှိလာစေခဲ့ပါတယ်။
September 3, 2025, 0930hr
Ref: internet
Photo: internet
#Aron
#Portugal
#visafreepolicy
#visaandtravelguide
Comments
Post a Comment