Increase Fee 

U.S. to Increase Fees for Visa-Waiver Travelers by 90%

The Electronic System for Travel Authorization, or ESTA, is an online system that allows citizens of countries under the U.S. Visa Waiver Program to travel to the United States for up to 90 days without applying for a traditional visa. It was announced that the ESTA application fee for the 42 countries participating in this program will increase by 90%, from the current $21 to $40, effective September 30.

This change is due to the "One Big Beautiful Bill Act," signed into law by President Trump on July 4. Under this act, individuals crossing the border by land will be required to pay an additional $24 on top of the current $6 fee, totaling $30. For those arriving by air or sea, the fee will be the $40. These increased rates are for the 2025 fiscal year only, and there is a possibility of further increases annually based on inflation.

အမေရိကားက ဗီဇာကင်းလွတ်ခွင့် ပေးထားတဲ့ နိုင်ငံတွေရဲ့ ခရီးသွားတွေအပေါ် ကောက်ခံမှု ၉၀တိုး

ESTA လို့ အတိုကောက်ခေါ်တဲ့ Electronic System for Travel Authorization ဆိုတဲ့ စနစ်တစ်ခုဟာ အမေရိကန်က ဗီဇာ ကင်းလွတ်ခွင့် ပေးထားတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ ခရီးသွား ဗီဇာ လျှောက်ထားဖို့ မလိုဘဲ အမေရိကန်ကို ရက် ၉၀ အထိ သွားရောက်နိုင်တဲ့ အွန်လိုင်း စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်မှာပါတဲ့ ၄၂ နိုင်ငံကို ESTA လျှောက်ထားကြေး ကို စက်တင်ဘာ ၃၀ က စပြီး လက်ရှိ ကောက်နေတဲ့ ၂၁ ဒေါ်လာကနေ ဒေါ်လာ ၄၀ အထိ ၉၀တိုးမြှင့် ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဒီပြောင်းလဲမှုဟာ ဇူလိုင် ၄ မှာ ထရန့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ One Big Beautiful Bill Act ကြောင့် ဖြစ်ပါတယ်၊ နယ်စပ်ကနေ ဖြတ်သန်းတဲ့သူတွေအနေနဲ့ လက်ရှိပေးဆောင်နေရတဲ့ ၆ ဒေါ်လာအပြင် ၂၄ ဒေါ်လာ ထပ်ဆောင်းပေးရမှာမို့ စုစုပေါင်း ဒေါ်လာ ၃၀ ပေးဆောင်ရမှာပါ၊ လေကြောင်း နဲ့ ရေကြောင်းက လာရောက်မယ့်သူတွေကတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်း ဒေါ်လာ ၄၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်၊ တိုးလာတဲ့နှုန်းတွေက ၂၀၂၅ ဘဏ္ဍာနှစ်အတွက်သာ ဖြစ်ပြီး နှစ်စဉ် ငွေကြေး ဖောင်းပွမှု ဘယ်လောက်ရှိလဲအပေါ်မူတည်ပြီး ထပ်မံတိုးမြှင့်သွားနိုင်ချေ ရှိပါတယ်။

September 3, 2025, 1300hr


Ref: internet

Photo: internet

#Aron

#USA

#ESTA

#visawaivers

#visaandtravelguide

https://nepyork.com/2025/08/31/cbp-to-implement-90-esta-fee-increase-for-42-visa-waiver-program-countries-effective-september-30/



Comments

Popular posts from this blog