Prince Harry

Newly revealed information regarding British Prince Harry's US residency

After moving to the US with his American wife at the end of 2020, British Prince Harry faced controversy over his US visa due to his admission of past drug use in his memoir, "Spare." As US immigration policy can reject visa applications from individuals with a history of drug use, questions have emerged about how Prince Harry obtained his visa.

According to new documents that have surfaced, Prince Harry holds what is known as a "golden ticket" visa, specifically an A-1 visa issued for heads of state. This visa allows for unlimited entry and stays without a time limit. The A-1 visa is granted to foreign diplomats, heads of state, and their family members, providing them with numerous special privileges, including diplomatic immunity. By holding an A-1 visa, Prince Harry was able to bypass such restrictions.

A-1 Visa ကိုင်ဆောင်ထားတဲ့ ဗြိတိန်မင်းသား ဟယ်ရီ

၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ အမေရိကန်နိုင်ငံသူ ဇနီးနဲ့ အမေရိကားကို ပြောင်းရွှေ့လာတဲ့ ဗြိတိန် မင်းသား ဟယ်ရီဟာ သူ့ရဲ့ Spare လို့ အမည်ပေးထားတဲ့ ကိုယ်ရေး အတ္ထုပတ္တိစာအုပ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲဖူးကြောင်း ဝန်ခံထားတာကြောင့် သူရဲ့ အမေရိကန် ဗီဇာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ ရှိလာခဲ့ပါတယ်၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ မူးယစ်ဆေးဝါး သုံးစွဲဖူးရင် ဗီဇာ လျှောက်လွှာကို ပယ်ချနိုင်ပါတယ်၊ ဒီသတ်မှတ်ချက်ကြောင့်ပဲ မင်းသားဟယ်ရီ အနေနဲ့ အမေရိကား ဗီဇာကို ဘယ်လို ရခဲ့လဲ ဆိုတဲ့ မေးမြန်းမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုထွက်ပေါ်လာတဲ့ မှတ်တမ်းအသစ်တွေအရ မင်းသားဟယ်ရီ ဟာ ရွှေလက်မှတ် ဗီဇာလို့ ခေါ်တဲ့ နိုင်ငံတော်အကြီးအကဲ တွေ အတွက် ထုတ်ပေးထားတဲ့ A-1 visa ကို ကိုင်ဆောင်ထားတာ ဖြစ်ပြီး အကြိမ်ရေအကန့်အသတ်မရှိ ဝင်ထွက်နိုင်ခွင့်နဲ့ ကာလ ကန့်သတ်ချက်မရှိ နေထိုင်ခွင့် ကို ရထားပါတယ်၊ A-1 Visa ကို နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ထုတ်ပေးတာဖြစ်ပြီး သူတို့ဟာ သံတမန်ကင်းလွတ်ခွင့်အပါအဝင် အထူးအခွင့်အရေးတွေ အများကြီး ရပါတယ်၊ မင်းသား ဟယ်ရီအနေနဲ့ A-1 visa ကိုင်ဆောင်ထားတာမို့ ဒီလိုမျိုး ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

September 4, 2025, 0900hr

Ref: internet

Photo: internet

#Aron

#USA

#Prince

#Harry

#A1visa

#visaandtravelguide

https://www.express.co.uk/news/royal/2103954/prince-harry-us-visa-latest



Comments

Popular posts from this blog