Arrested

Illegal workers arrested at UK solar farm

UK immigration authorities have announced the arrest of 15 illegal workers during a raid on a solar farm in Bristol.

Four of the individuals are being prepared for deportation, while the other 11 remain in detention. The arrested workers are citizens of Kazakhstan, Turkey, Georgia, Uzbekistan, and Tajikistan. They initially entered the UK on temporary work visas. Of the group, 10 had asylum applications still pending, while three had already had their applications rejected.

ယူကေက Solar Farm တစ်ခုမှာ တရားမဝင်အလုပ်သမား ၁၅ ဦးကို ဖမ်းဆီး

ယူကေနိုင်ငံ Bristol မှာ ရှိတဲ့ Solar Farm တစ်ခုကို လူဝင်မှုကြီးကြပ်ရေး အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာမှာ တရားမဝင် အလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်၊ ဒီထဲက ၄ ယောက်ကို ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်နေပြီး ကျန် ၁၁ ဦးကိုတော့ ထိန်းသိမ်းထားပါတယ်၊ အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ ကာဇက်စတန်၊ တူရကီ၊ ဂျော်ဂျီယာ၊ ဥဇဘက် ကစ္စတန် နဲ့ တာဂျစ်စတန်နိုင်ငံသားတွေ ဖြစ်ပြီး ယာယီအလုပ်ဗီဇာနဲ့ ယူကေကို ဝင်လာတာပါ၊ ဒီ တရားမဝင် အလုပ်သမားတွေ ထဲက ၁၀ ဦးဟာ ခိုလှုံခွင့် လျှောက်ထားဆဲ ဖြစ်ပြီး ၃ ဦးကတော့ ခိုလှုံခွင့်ပယ်ချခံထားရပါတယ်။ လက်ရှိမှာ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ ဒီ တရားမဝင်လုပ်သားတွေဟာ ပြည်နှင်ဒဏ် ပေးခံရနိုင်ဖွယ် ရှိပြီး အလုပ်ရှင်ကတော့ ဒဏ်ငွေမြောက်မြားစွာ ဆောင်ရနိုင်ပါတယ်။

September 5, 2025, 0900hr


Ref: internet

Photo: internet

#Aron

#UK

#solarfarm

#illegalworkers

#visaandtravelguide

https://www.bbc.com/news/articles/cy404wyemd9o



Comments

Popular posts from this blog